ရွှေကျင်မှာ စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ
ရွှေကျင်၊ ဧပြီ ၉ ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာသစ်မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဧပြီ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့က ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာသစ်ကို ဂျက်ဖိုက်တာ လေယာဉ်နဲ့ ပေါင်…
