ဘီးလင်း လေးကေရွာကို စစ်တပ် ထပ်မံဗုံးကြဲ
ဘီးလင်း၊ ဧပြီ ၈ မွန်ပြည်နယ် ဘီးလင်းမြို့နယ် လေးကေရွာနဲ့ အနီးပတ်ဝန်းကျင်နေရာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ နေ့လည်ပိုင်း လေးကေရွာကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ပြီး အော်လီဂန်းတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်သွားတာ ဖြစ်ပါတယ်။ စစ်ကော်မရှင်တပ်ရဲ့…
