ပေါ့ပ်အော့ဖ် စပိန် ၊ ဧပြီ ၂၀

ထရီနီဒက်နဲ့ တိုဘာဂိုနိုင်ငံရှိ သင်္ချိုင်းတစ်ခုမှာ လူမမယ်ကလေး ၅၀ ရဲ့အလောင်းတွေနဲ့ လူကြီး အလောင်း ၆ လောင်း စွန့်ပစ်ထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ကာရေဘီယံရှိ အဲဒီနိုင်ငံမှာ ပါဝင်တဲ့ ကျွန်းနှစ်ကျွန်းထဲက ထရီနီဒက် ကျွန်းပေါ်ရှိ ကူမူတိုမြို့မှာ အဲဒီအလောင်းတွေကို တွေ့ရှိထားတာဖြစ်တယ်လို့ နိုင်ငံရဲတပ်ဖွဲ့TTPS ရဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

ကနဦးစုံစမ်း စစ်ဆေးမှုအရ အဲဒီအလောင်းတွေဟာ လာရောက်ထုတ်ယူသူ မရှိတာကြောင့် တရားမဝင် စွန့်ပစ်ထားတာ ဖြစ်နိုင်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်တင် အမေရိကနဲ့ ကာရေဘီယံမှာ လူသတ်မှုအများဆုံးထဲက တစ်နိုင်ငံဖြစ်တဲ့ ထရီနီဒက်မှာ အဲဒီအလောင်းတွေ တွေ့ရှိမှုဟာ ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်နေသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အမျိုးသားလေးဦးနဲ့ အမျိုးသမီး နှစ်ဦးရဲ့ အလောင်းတွေထဲက ငါးလောင်းမှာ သူတို့ ဘယ်သူဘယ်ဝါတွေ ဖြစ်ကြောင်း ဖော်ပြထားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလောင်းထဲက နှစ်လောင်းကို သေဆုံးပြီးနောက်ပိုင်း အလောင်းစစ်ဆေးမှု ပြုလုပ်ထားတဲ့ လက္ခဏာ တွေ့ရတယ်လို့ ဆိုပါတယ်။
အခုလို ရှာဖွေတွေ့ရှိမှုကြောင့် ပြဿနာ အများကြီး ကြုံရတယ်လို့ ရဲမှူး အလစ်စတာ ဂွေဗာရိုက ပြောကြား ပါတယ်။

တာဝန်ဝတ္တရားအား ချိုးဖောက်ကြောင်း တွေ့ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ အပြည့်အဝ တာဝန်ယူကြရမှာ ဖြစ်တယ်လို့ အလစ်စတာ ဂွေဗာရိုက ပြောကြားပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ရှာဖွေဖမ်းဆီးခွင့်ရှိတဲ့ အရေးပေါ် အခြေအနေ ကြေညာချက် တစ်ရပ်ကို မတ်လ ၂ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း သက်တမ်းတိုး ပေးထားပါတယ်။

အဲဒီနောက်ပိုင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ခရီးသွား အကြံပြုချက်တွေ ထုတ်ပြန်ထားပြီး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်တဲ့ အန္တရာယ်မြင့်မားတာကြောင့် ရာဇဝတ်မှုများတာကြောင့်လို့ ထုတ်ပြန်ထားပါတယ်။

အရင်က အရေးပေါ် အခြေအနေ ကြေညာထားချိန် အတွင်း စတင်ခဲ့တဲ့ လုံခြုံရေး အစီအစဉ်တွေကြောင့် ၂၀၂၄ နောက်ပိုင်း ထရီနီဒက်နဲ့ တိုဘာဂိုနိုင်ငံမှာ အကြမ်းဖက် ရာဇဝတ်မှုတွေ အများကြီး လျှော့ကျ သွားပြီ ဆိုပေမယ့် ရာဇဝတ်မှုတွေဟာ နိုင်ငံတဝှမ်း စိန်ခေါ်မှု အဖြစ် တက်ရှိနေဆဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အကြံပြုချက်မှာ ဖော်ပြထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.