April 14, 2026

အီရန်က စီးပွားရေး အကြမ်းဖက် တိုက်ခိုက်တယ်လို့ အမေရိကန် ဒုသမ္မတ စွပ်စွဲ

ဝါရှင်တန်၊ ဧပြီ ၁၄ အီရန်ကို ပိတ်ဆို့မှုတွေ အသက်ဝင်လာချိန် ဟောမု့ဇ် ရေလက်ကြားမှာ အီရန်က စီးပွားရေး အကြမ်းဖက် တိုက်ခိုက်နေတယ်လို့ အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်ဇ်က စွပ်စွဲလိုက်ပါတယ်။ အီရန် ဆိပ်ကမ်းပိတ်ဆို့မှုဟာ အရှေ့တိုင်း စံတော်ချိန် ၁၀ နာရီမှာ စတင် အသက်ဝင်မှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားထားပါတယ်။…

မဲသဝေါဒေသရှိ ကြယ်ပြောင်ကုန်းစစ်စခန်း သိမ်းပိုက်ခံရ

လှိုင်းဘွဲ့၊ ဧပြီ ၁၄ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသရှိ စစ်ကော်မရှင်တပ်ရဲ့ ကြယ်ပြောင်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကျောင်းသားတပ်မတော် ABSDF က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ ကြယ်ပြောင်ကုန်းစခန်းကို မနေ့ ဧပြီ ၁၃ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ABSDF ဗဟိုဌာနချုပ်…

လေးကေစစ်စခန်းက ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လိုက်လံချေမှုန်းခံရလို့ ခုနှစ်ဦး သေဆုံး

ဘီးလင်း၊ ဧပြီ ၁၄ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အခြေစိုက် လေးကေစစ်တပ်စခန်းက ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လိုက်လံချေမှုန်းခံရတာကြောင့် ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ PDF အမှတ် (၁) စစ်ဆင်ရေးနယ်မြေ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။ မနေ့ ဧပြီ ၁၃ ရက်နေ့က လေးကေစစ်တပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခုနှစ်ဦး…

မွန်မှာ သင်္ကြန်ကာလ စစ်မှုထမ်း ပေါ်တာဆွဲဖမ်းဆီးမှု ဆက်ရှိနေ

မော်လမြိုင်၊ ဧပြီ ၁၄ မွန်ပြည်နယ်မှာ သင်္ကြန်ကာလအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ လာမယ့် ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၂၄ ဖွင့်လှစ်နိုင်ဖို့အတွက် သင်္ကြန်ကာလအတွင်းမှာလည်း စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ ညအချိန်…