ဒူဘိုင်း၊ မတ် ၁၂
ရေနံဈေးနှုန်း ဒေါ်လာ ၁၀၀ နီးပါး ပြန်လည် မြင့်တက်လာချိန် ပင်လယ်ကွေ့မှာ ကုန်တင် သင်္ဘော နောက်ထပ် သုံးစီး တိုက်ခိုက်ခံလိုက်ရပါတယ်။
လောင်စာ ဈေးကွက်တွေ စိုးရိမ်မှု မရှိစေရေး နိုင်ငံပေါင်း ၃၂ နိုင်ငံက အရန်သိုလောင်ထားတဲ့ ရေနံ စည်ပေါင်း သန်း ၄၀၀ ကို ထုတ်ပေးမယ်လို့ ကြေညာထားပေမယ့်လည်း ရေနံဈေး ပြန်လည် မြင့်တက်လာတာ ဖြစ်ပါတယ်။
သင်္ဘောလမ်းကြောင်းကို နောက်ဆုံး တိုက်ခိုက်မှုအတွင်း အီရတ်နိုင်ငံအနီး ရေနံတင် သင်္ဘော နှစ်စီးဟာ အမျိုးအမည်မသိတဲ့ လက်နက်နဲ့ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
မတ် ၁၁ ရက် ညနေပိုင်းက ရေနံဈေး ပြန်ကျဆင်းမှာ ဖြစ်ပြီး မိမိတို့ နားလည်ထားတာပိုပြီး ဈေးနှုန်း ကျဆင်းလာမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားခဲ့ ပါတယ်။
လက်ဘနွန်ကို အစ္စရေးက ထပ်မံ တိုက်ခိုက်မှုကြောင့် ဘေရွတ်မြို့ ပင်လယ်ကမ်းနားမှာ လူ ၈ ဦး အပါအဝင် လူအများအပြား သေဆုံးခဲ့ရပါတယ်။
ဘာရိန်း၊ အိုမန်နဲ့ ဒူဘိုင်းတို့ အပါအဝင် ဒေသတဝှမ်း အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝှမ်း တပ်လှန့်ထားတယ်လို့ ဘာရိန်း ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။
အီရတ်မြောက်ပိုင်းရှိ အီတလီ စစ်အခြေစိုက် စခန်း တစ်ခုလည်း ဒုံးကျည်နဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ အီတလီ ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။
ရေနံ အဓိက ထုတ်လုပ်ရာ အရှေ့အလယ်ပိုင်းဒေသမှာ စစ်မီး ပြင်းထန်လာချိန် ကမ္ဘာ့ရေနံဈေး ဒေါ်လာ ၁၂၀ အထိ မြင့်တက်ခဲ့ပြီးနောက် ဒေါ်နယ် ထရန့်က အီရန် စစ်ပွဲ မကြာခင်ပြီးဆုံးမယ်လို့ ပြောဆိုခဲ့ပြီး နောက်ပိုင်း ဈေးပြန်ကျသွားခဲ့တာပါ။
အဲဒီနောက် တိုက်ခိုက်မှုတွေ ပြန်လည် ပြင်းထန်လာချိန်မှာ ရေနံဈေး ဒေါ်လာ ၁၀၀ နီးပါးသို့ ပြန်လည် မြင့်တက်လာတာ ဖြစ်ပါတယ်။
အီရန်က ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေပြီး စစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး ပျက်စီးသွားနိုင်တယ်လို့ သတိပေးထားပါတယ်။
ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံ ဖြတ်သန်းရာ ဟောမု့ဇ် ရေလက်ကြားကိုလည်း အီရန်က ပိတ်ဆို့ထားပြီး ဒေသတွင်းက ရေနံ တစ်လီတာတောင် အပြင်ကို မထွက်စေရဘူးလို့ ကြွေးကြော်ထား ပါတယ်။
Ref:BBC

