ကွာလာလမ်ပူ၊ ဂျကာတာ၊ မတ် ၂

အီရန်ကို အမေရိကန်နဲ့ အစ္စရေးက တိုက်ခိုက်ပြီးနောက် မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က အီရန်နဲ့ တသားတည်းရပ်တည်ကြောင်းနဲ့ သံတမန်ရေးအရ ဖြေရှင်းရေး ကူညီပေးမယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုက သံမတန်ရေး ကြားဝင် ဖြေရှင်းပေးရေး တီဟီရန်သို့ သွားမယ်လို့ ပြောထားပါတယ်။

အမေရိကန်နဲ့ အီရန်အနေနဲ့ နောက်ထပ် တင်းမာမှုတွေ မြင့်တက်မလာစေရေး ညှိနှိုင်းဆွေးနွေးသင့်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါက ပြောပါတယ်။

အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်မှုဟာ လက်ရှိ လုပ်ဆောင်နေတဲ့ ညှိနှိုင်းမှုတွေကို အဖျက်အမှောင့်လုပ်ဆောင်တာ ဖြစ်ပြီး တခြားနိုင်ငံတွေကိုလည်း ပဋိပက္ခထဲ ဆွဲသွင်းသလို ဖြစ်နေသလို ဖြေရှင်းဖို့ မဖြစ်နိုင်အောင် ဖြစ်ရကြောင်း မလေးရှား ဝန်ကြီးချုပ်က ဆိုပါတယ်။

အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အရှေ့အလယ်ပိုင်းဒေသဟာ ဘေးကပ်ဆိုးကျရောက်ခါနီးနေပြီ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

အီရန်နဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ မလေးရှားနိုင်ငံသားတွေရဲ့ အရေး စိုးရိမ်မိကြောင်းလည်း မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

အမေရိကန်နဲ့ အီရန် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး အီရန်ကလည်း အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို လက်တုံ့ပြန် တိုက်ခိုက်နေချိန်မှာ မွတ်စလင်နိုင်ငံတွေ ဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

နိုင်ငံတိုင်းရဲ့ အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာကို လေးစားသမှု ထားရှိရေး အရေးကြီးကြောင်း အင်ဒိုနီးရှားက ပြောပါတယ်။

နိုင်ငံများအကြား သဘောထား မတိုက်ဆိုင်မှုတွေကို ငြိမ်းချမ်းစွာ ဆွေးနွေးသင့်ကြောင်းလည်း အင်ဒိုနီးရှား သမ္မတက ပြောပါတယ်။

ထိုင်း ဝန်ကြီးချုပ် အနုတင်ကလည်း အရှေ့အလယ်ပိုင်းမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿနာနဲ့ ပတ်သက်လို့ များစွာ စိုးရိမ်မိကြောင်း ပြောပါတယ်။

အဲဒီ ဒေသတွင်း မြန်မာနိုင်ငံသားတွေအပါအဝင် အရှေ့တောင်အာရှ နိုင်ငံသားများ အများအပြား ရှိနေပြီး တချို့လေကြောင်းလိုင်းတွေက ခရီးစဉ် ပြေးဆွဲမှု ရပ်နားထားပါတယ်

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း အရှေ့အလယ်ပိုင်း အခြေအနေ တင်းမာမှု မြင့်တက်လာတာကြောင့် အထူးစိုးရိမ်ကြောင်း ပြောပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအတွင်း အီရန် ထိပ်တန်းခေါင်းဆောင် ခါမေနီ သူ့ရဲ့ ချွေးမ၊သမက်နဲ့ မြေးတို့ သေဆုံးသွားကြောင်း အီရန် နိုင်ငံပိုင် မီဒီယာက အတည်ပြု ကြေညာထား ပါတယ်။

ခါမေနီကို သတ်ပစ်မယ်ဆိုရင်တောင် အီရန် အစိုးရစနစ် ပြောင်းလဲမှာ မဟုတ်ဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအတွင်း အီရန် သမ္မတဟောင်း အာမာ ဒီနီဂျက်လည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့ အီရန်အစိုးရ အဖွဲ့ကို ဒုတိယတန်းခေါင်းဆောင်တွေက ဦးဆောင်နေတယ်လို့ ဆိုပါတယ်။

Ref:CNA/agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.