February 17, 2026

စစ်အာဏာသိမ်း (၁၈၄၃)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၈၀၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၁၈ AAPP ရဲ့ ဖေဖော်ဝါရီ၁၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၄၃) ရက်အတွင်း ပြည်သူ (၇၈၀၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၄၇၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၆၉၆)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ဒစ်ဂျစ်တယ်ဖိနှိပ်မှု ယန္တရားတွေကြောင့် လာမယ့်အစိုးရသစ်ပေါ် မျှော်လင့်ချက်မဲ့နေ

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၈ အာဏာသိမ်းမှုအတွင်း အွန်လိုင်းပေါ် ဆန့်ကျင်ဝေဖန်ရေးသားပြောဆိုမှုတွေကို စစ်တပ်က ဒစ်ဂျစ်တယ်ဖိနှိပ်မှု ယန္တရားနဲ့ ဖမ်းဆီးထောင်ချတာတွေ ရှိနေခဲ့တာကြောင့် လာမယ့် အစိုးရသစ်ပေါ် ပြည်သူအများစု မျှော်လင့်ချက် မဲ့နေကြပါတယ်။ ကုလသမဂ္ဂအပါအဝင် လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာအရ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်တဲ့ အာဏာသိမ်း စစ်တပ်က နိုင်ငံရေးတရားဝင်မှုရဖို့ ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ဧပြီမှာ အစိုးရတစ်ရပ်…

ပုလောတိုက်ပွဲအတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် ဒေသခံထောင်ချီ စစ်ရှောင်နေရ

ပုလော၊ ဖေဖော်ဝါရီ ၁၈ တနင်္သာရီတိုင်း ပုလောမြို့နယ် တောင်ခေါင်းလောင်းကျေးရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ထောင်ချီ စစ်ရှောင်နေရတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းက တောင်ခေါင်းလောင်းကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲအတွင်း…

ရေးလမ်းပိုင်းမှာ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံး

ရေး၊ ဖေဖော်ဝါရီ ၁၈ မွန်ပြည်နယ် ရေးမြို့နယ် ဒူးယား-အဘော်ကျေးရွာလမ်းပိုင်းမှာ စစ်ကော်မရှင်တပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရတာကြောင့် သုံးဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းက အဘော်ကျေးရွာအဝင်ရှိ စစ်ကော်မရှင်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း အဘော်ကျေးရွာ စစ်ဆေးရေးဂိတ်အနီး စစ်ဆေးရေးတွေ လုပ်…

အီရန် နျူကလီးယား ဆွေးနွေးမှုတွေမှာ တိုက်ရိုက်မဟုတ်ဘဲ ပါဝင်သွားမယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၇ ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်း စတင်မယ့် အမေရိကန်နဲ့ အီရန်ကြား နျူကလီးယား ဆွေးနွေးမှုတွေမှာ တိုက်ရိုက်မဟုတ်ဘဲ ပါဝင်သွားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။ အီရန်က သူတို့ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ သဘောတူညီမှု ရယူလိုတယ်လို့ ယုံကြည်ကြောင်း ထရန့်က…

မလေးရှား လူဝင်မှု ကြီးကြပ်ရေး နှိမ်နှင်းမှုအတွင်း ဖမ်းဆီးခံရသူ ၆၂၀၀ ထဲမှာ မြန်မာနိုင်ငံသားတွေ ပါဝင်

ကွာကာလမ်ပူ၊ ဖေဖော်ဝါရီ ၁၇ ဇန်နဝါရီ ၁ ရက်ကစလို့ နိုင်ငံတဝှမ်း ပြုလုပ်ခဲ့တဲ့ ဥပဒေစည်းကြပ်ရေး စစ်ဆင်ရေး ၁၇၀၀ ကျော် အတွင်း လူဝင်မှု ဥပဒေချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူတွေအပါအဝင် လူပေါင်း ၆၂၀၀ ကို ဖမ်းဆီးခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဖော်ပြပါတယ်။ ရာမာဒန် ဈေးပွဲတွေမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ မပါဝင်ကြောင်း သေချာစေဖို့…

ကျိုက်ထိုမှာ တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်

ကျိုက်ထို၊ဖေဖော်ဝါရီ ၁၇ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ်က အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာပါ။ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာလည်း စစ်ကော်မရှင်ဘက်က နောက်ထပ်…

အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အီရန်နဲ့ ဆက်စပ်တဲ့ ရေနံတင် သင်္ဘောသုံးစီးကို အိန္ဒိယ ဖမ်းဆီး

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၇ အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အီရန်နဲ့ ဆက်စပ်တဲ့ ရေနံတင်သင်္ဘော သုံးစီးကို အိန္ဒိယက အခုလအတွင်း ဖမ်းဆီးထားပြီး တရားမဝင် ကုန်သွယ်မှု တားဆီးရေး သူတို့ရဲ့ ရေပြင်ကို စောင့်ကြည့်ထောက်လှမ်းမှု အရှိန်မြှင့်ထားကြောင်း သတင်းရင်းမြစ် တစ်ခုက ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။ ဒီလိုဖမ်းဆီးမှုနဲ့ အိန္ဒိယ အရာရှိတွေက ဖေဖော်ဝါရီ လဆန်ပိုင်းက…

တရုတ် နှစ်သစ်ကူးပွဲတော် လူသန်းပေါင်းများစွာ ပါဝင် ဆင်နွှဲ

ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၇ မီးမြင်းနှစ်သို့ ကူးပြောင်းမယ့် တရုတ်နှစ်သစ်ကို အာရှတိုက်နဲ့ ကမ္ဘာတဝှမ်းမှာ ကြိုဆိုနေကြပြီး မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုတွေ၊ ဆုတောင်းသူတွေနဲ့ အစားအသောက်တွေ တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပနေကြပါတယ်။ လပြက္ခဒိန်ကိုအခြေခံထားတဲ့ နှစ်သစ်ဟာ နှစ်စဉ် ဇန်နဝါရီ ၂၁ ရက်နဲ့ ဖေဖော်ဝါရီ ၂၀ ကြား ကျင်းပတဲ့ ၁၅ ရက်ကြာ ပွဲတော် ဖြစ်ပါတယ်။…

စစ်မှုထမ်းတပ်သား ကိုးဦး KNU ထံ လက်နက်ချအလင်းဝင်

ကျောက်ကြီး၊ ဖေဖော်ဝါရီ ၁၇ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား ကိုးဦး လက်နက်ချ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ စစ်မှုထမ်းတပ်သား ကိုးဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က KNU တပ်မဟာ (၃) လက်အောက်ခံ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း…