ဘန်ကောက်၊ ဖေဖော်ဝါရီ ၁
ကလေးသူငယ် ပြည့်တန်ဆာပြုမှုနဲ့ ဆက်စပ်တဲ့ စွဲချက်တွေနဲ့ အလိုရှိနေတဲ့ တရုတ်နိုင်ငံသားကို ဘန်ကောက်မြို့ ဟွိုင်ကွန်းဒေသရှိ အဆင့်မြင့် ကွန်ဒို တစ်ခုမှာ ဖေဖော်ဝါရီ ၁၂ ရက်က ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောပါတယ်။
ရဲတပ်ဖွဲ့က အဲဒီ သံသယရှိသူရဲ့ ကွန်ဒို အခန်းကို စီးနင်းပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သံသယရှိသူဟာ ၄၆ နှစ်အရွယ် တိုင်ဆိုသူ ဖြစ်ပြီး ဇန်နဝါရီ ၂၇ ရက်က ရာဇဝတ်မှု တရားရုံးက ဖမ်းဝရမ်း ထုတ်ထားသူ ဖြစ်ပါတယ်။
ကလေးသူငယ်တွေကို ပြည့်တန်ဆာလုပ်ငန်းသို့ အတင်းအကြပ် သွပ်သွင်းမှု၊ တခြားလူတွေကို ခြိမ်းခြောက် အကြပ်ကိုင်ကိုင် သွပ်သွင်းမှု စွဲချက်တွေနဲ့ တိုင်ကို ထိုင်းတရားရုံးက ဖမ်း ဝရမ်း ထုတ်ထားတာ ဖြစ်ပါတယ်။
သူကျူးလွန်ထားတဲ့ ဥပဒေ ပြစ်မှုတွေအရ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် တရုတ် ဥပဒေအရ ထောင်ဒဏ် အများဆုံး ၁ နှစ် ကျခံရမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရှိ တရုတ်သံရုံးက ချိတ်ဆက် အကူအညီ တောင်းပြီးနောက် ထိုင်းရဲတပ်ဖွဲ့က အခုလိုမျိုး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။၏
တရုတ်နိုင်ငံမှာ အသက် ၁၈ နှစ်အောက် ကလေးတွေကို ပြည့်တန်ဆာလုပ်ငန်းသို့ အတင်းအကြပ် သွပ်သွင်းခဲ့ပြီးနောက် သူ့ကို တရုတ် တရားရုံးက ဖမ်းဝရမ်းထုတ်ထားခဲ့တာ ဖြစ်ပါတယ်။
သူဟာ တရုတ်နိုင်ငံကနေ ထွက်ပြေးလာပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
တရားရုံးရဲ့ ဝရမ်းနဲ့အတူ ရဲဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားကို အစိုးရ ရှေ့နေတွေဆီ လွှဲပြောင်းပေးပြီးတော့ ဥပဒေအတိုင်း လွှဲပြောင်းပေးအပ်ရေး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ထိုင်း အရာရှိတွေက ပြောဆိုထားပါတယ်။
Ref:Bangkokpost

