ဟတ်ယိုင်၊ ဖေဖော်ဝါရီ ၁၂
ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့မှာ ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းက အထက်တန်း ကျောင်းတစ်ကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားချိန် ကျောင်းသားတွေကို ကာကွယ်ဖို့ ကြိုးစားရင်းနဲ့ အမျိုးသမီး ညွှန်ကြားရေးမှူးချုပ် ကျည်ဆန် ထိမှန်ပြီး သေဆုံးသွားပါတယ်။
အသက် ၅၄ နှစ်အရွယ် ဆာဆီပတ် ဆင်ဆာမို့ဆွင်ဟာ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးပြီး သွေးထွက်လွန်မှုကြောင့် သေဆုံးသွားကြောင်း ဒေါက်တာ ဝီရိုတေးက ပြောပါတယ်။
ကျည်ဆံက ဘယ်ဖက်ရင်အုံကို ဖောက်ဝင်သွားပြီး ညာဖက်ရင်ညွန့်အထိ ဖောက်ဝင်သွားတယ်လို့ ဆေးရုံ ညွှန်ကြားရေးမှူးက ပြောပါတယ်။
၁၇ နှစ် ကျောင်သားလေး တစ်ဦး သေနတ်ခိုးယူလာပြီး ကျောင်းမှာ ပစ်ခတ်တိုက်ခိုက်ချိန် ညွှန်ကြားရေးမှူး အမျိုးသမီးက ကျောင်းသားတွေကို ကာကွယ်ဖို့ ကြိုးပမ်းချိန်အတွင်းကိုယ်တိုင် ကျည်ထိမှန်ပြီး ဆေးရုံတင်ထားပြီးမှ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ညွှန်ကြားရေးမှူးဟာ ပညာရေးမှာ ဒေါက်တာဘွဲ့အထိ ရထားသူ ဖြစ်ပြီး ဆောင်ခလာဒေသရှိ ကျောင်းသုံးကျောင်းရဲ့ ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။
အဲဒီကျောင်းတည်ရှိရာ ဒေသမှာ သေနတ်ကိုင် တိုက်ခိုက်ခဲ့သူဟာ ပသွန် ဒေသခံ တစ်ယောက် ဖြစ်ပါတယ်။
Ref:Bangkokpost

