December 26, 2025

စစ်အာဏာသိမ်း (၁၇၉၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၃၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၂၇ AAPP ရဲ့ ဒီဇင်ဘာ၂၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၈၉) ရက်အတွင်း ပြည်သူ (၇၆၃၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၂၀၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၀၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

စစ်တပ်ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်တဲ့ မြို့နယ်အရေအတွက် စံချိန်တင်

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၇ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ကာလအတွင်း အပိုင်းလိုက်စနစ်နဲ့ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေ‌ရွေးကောက်ပွဲဟာ နိုင်ငံတဝန်းရှိ ၆၅ မြို့နယ်မှာ ရွေးကောက်ပွဲ လုံးဝ မကျင်းပနိုင်တဲ့ နယ်မြေတွေအဖြစ် စံချိန်တင်နေပါတယ်။ ရွေးကောက်ပွဲ အပိုင်း ၃ ကို လာမယ့် ၂၀၂၆ ဇန်နဝါရီ ၂၅ ရက်နေ့မှာ တိုင်းနဲ့ ပြည်နယ် ကိုးခုရှိ ၆၃…

DKBA စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးစောရွှေဝ ခန့်အပ်ခံရ

ဘားအံ၊ ဒီဇင်ဘာ ၂၇ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ရေးထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့ စစ်ဦးစီးချုပ်သစ်အဖြစ် ဗိုလ်ချုပ်ကြီးစောရွှေဝကို တာဝန်ပေးခန့်အပ်လိုက်တယ်လို့ DKBA က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ အရင် စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးစောစတီးကို DKBA ဗဟိုအကြံပေးအဖွဲ့ (ဦးဆောင်နာယကကြီး)အဖြစ် တာဝန်ပေးအပ်လိုက်ပြီး စောစတီးနေရာမှာ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောရွှေဝကို ဗိုလ်ချုပ်ကြီးအဆင့်နဲ့…

ကျိုက်ထိုတိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးနေရ

ကျိုက်ထို၊ ဒီဇင်ဘာ ၂၇ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်းနဲ့ရေကျော်သုံးခွကျေးရွာအနီးမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီဇင်ဘာ ၂၅ ရက်နေ့ကစလို့ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဝါးဒက်ကွင်းကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ…

နှစ်နိုင်ငံ ဆွေးနွေးနေချိန် ထိုင်းက တိုက်ခိုက်မှုတွေ အရှိန်မြှင့်ပြုလုပ်နေတယ်လို့ ကမ္ဘောဒီးယား စွပ်စွဲ

ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၆ တိုက်ခိုက်မှုများ အဆုံးသတ်ရေး နှစ်နိုင်ငံအရာရှိတွေ ဆွေးနွေးနေကြချိန် ထိုင်းက နယ်စပ်မှာ တိုက်ခိုက်မှုတွေ အရှိန်မြှင့်ပြုလုပ်နေတယ်လို့ ကမ္ဘောဒီးယားက ဒီဇင်ဘာ ၂၆ ရက်မှာ စွပ်စွဲလိုက်ပါတယ်။ အိမ်နီးချင်း နှစ်နိုင်ငံကြား ကာလကြာရှည်ရှိနေခဲ့တဲ့ နယ်စပ် အငြင်းပွားမှုဟာ အခုလအတွင်း အရှိန်ပြန်မြင့်လာပြီး အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် လူ ၄၀ ဦးနဲ့အထက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။…

ဂျပန်အစိုးရက ကာကွယ်ရေးအတွက် စံချိန်တင် ငွေသုံးစွဲခွင့်ပြု

တိုကျို၊ ဒီဇင်ဘာ ၂၆ ဒေသတွင်း တင်းမာမှု မြင့်တက်လာနေချိန်မှာ ဂျပန်အစိုးရက လာမယ့်နှစ် ကာကွယ်ရေးအတွက် ဒေါ်လာ ၅၈ ဘီလီယံအထိ စံချိန်တင် သုံးစွဲမယ့် အစီအစဉ်ကို ဒီဇင်ဘာ ၂၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။ ဂျပန်စစ်တပ်ရဲ့ ပြန်လည် တိုက်ခိုက်နိုင်စွမ်း အားကောင်းလာစေရေး၊ ခရု့ဇ်ဒုံးကျည်တွေနဲ့ ကမ်းရိုးတန်း ကာကွယ်ရေး၊ ဒရုန်းနဲ့ လူမလိုတဲ့ လက်နက်စနစ်တွေ ပိုင်ဆိုင်နိုင်ရေး…

ကျိုက်ထို ကဒက်ချောင်း ရေတံခွန်လာလည်တဲ့ ဒုအရာခံဗိုလ် တစ်ဦး ဖမ်းဆီးခံရ

ကျိုက်ထို၊ ဒီဇင်ဘာ ၂၆ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာရှိ ကဒက်ချောင်း ရေတံခွန်လာလည်တဲ့ စစ်ကော်မရှင်တပ်ရဲ့ ဒုအရာခံဗိုလ် တစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ဒီဇင်ဘာ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က နေ့လည် ၂ နာရီအချိန်လောက်မှာ ကျိုက်ထီးရိုးဘုရားဖူးပြီးနောက် ကဒက်ချောင်း ရေတံခွန်မှာ သောက်စားပျော်ပါးဖို့…

လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမယ်လို့ ကြေညာ

နေပြည်တော်၊ ဒီဇင်ဘာ ၂၆ လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၂၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။ ရွေးကောက်ပွဲ အပိုင်း ၃ ကိုတော့ မြို့နယ်ပေါင်း ၆၃ မြို့နယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး တိုင်းနဲ့ပြည်နယ်အနေနဲ့…

အမေရိကန်ရဲ့ လက်နက်ရောင်းချမှုကြောင့် ထိုင်ဝမ်နဲ့ စစ်ပွဲဖြစ်ဖို့ ပိုမြန်လာစေတယ်လို့ တရုတ် ပြော

ဘေဂျင်း၊ ဒီဇင်ဘာ ၂၆ ထိုင်ဝမ်သို့ အမေရိကန်ရဲ့ နောက်ဆုံး လက်နက် ရောင်းချမှုကို တရုတ်က ဒီဇင်ဘာ ၂၅ ရက်မှာ ဝေဖန်ပြီး ထိုင်ဝမ် ရေလက်ကြားမှာ စစ်ပွဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ပိုမို မြန်ဆန်လာစေတယ်လို့ ပြောလိုက်ပါတယ်။ ထိုင်ဝမ်သို့ အကြီးမားဆုံး လက်နက် ရောင်းချမှုအဖြစ် အမေရိကန်က ဒေါ်လာ ၁၁ ဒသမ ၁…

ယူကရိန်းက ရုရှားကို ဗြိတိန်နိုင်ငံထုတ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်

ကိဗ်၊ ဒီဇင်ဘာ ၂၆ ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အဆောက်အဦတွေကို ဗြိတိန်နိုင်ငံထုတ် Storm Shadow ခရု့ဇ် ဒုံးကျည်တွေ၊ ပြည်တွင်းထုတ် တာဝေး ဒရုန်းတွေနဲ့ ဒီဇင်ဘာ ၂၅ ရက်မှာ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း ကာကွယ်ရေးနဲ့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။ မော်စကိုရဲ့စစ်ပွဲ ဆက်လက် ဆင်နွှဲနိုင်ဖို့ ကူညီပေးနေတဲ့ အခြေခံ အဆောက်အဦတွေကို…