November 22, 2025

ရွေးကောက်ပွဲ ကြိုတင်မဲ သောင်းချီရထားပြီလို့ စစ်ကော်မရှင်ပြော

မော်လမြိုင် ၊ နိုဝင်ဘာ ၂၃ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ကာလမှာ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို မိတ်ဘက်နိုင်ငံတချို့ကလွဲရင် နိုင်ငံတကာအပါအဝင် မြန်မာပြည်သူ အများစုက အတုအယောင်အဖြစ် ရှုမြင်နေကြချိန်မှာ ကြိုတင်မဲ သောင်းချီ ရရှိထားတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။ အပိုင်း ၁ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၃၀ ကျော်သာကျန်ရှိတော့တဲ့အချိန်မှာ လူထုစိတ်ဝင်စားမှု မရှိပေမယ့် စစ်ကော်မရှင် အုပ်ချုပ်ရေးယန္တရားအောက်မှာရှိတဲ့တက္ကသိုလ်ကျောင်းသား…

မွန်ပြည်နယ်မှာ ဒုတိယအကြိမ် မဲစာရင်းကပ်ထားပေမယ့် ကြည့်ရှုသူမရှိလို့ အသဲချဲ့စက် နှိုးဆော်နေရ

မော်လမြိုင် ၊ နိုဝင်ဘာ ၂၃ မွန်ပြည်နယ်မှာ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားပေမယ့် လာရောက် ကြည့်ရှုသူ မရှိတာကြောင့် အသံချဲစက်တွေနဲ့ လိုက် လံနှိုးဆော်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့်…

မြဝတီ မင်းလက်ပံတိုက်ပွဲကြောင့် ဒေသခံရာချီ ထိုင်းဘက်ခြမ်း တိမ်းရှောင်နေရ

မြဝတီ၊နိုဝင်ဘာ ၂၃ မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲကြောင့် ဒေသခံ ရာချီ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးရောက်ရှိလာတယ်လို့ ထိုင်းနယ်မြေတာဝန်ရှိသူတွေရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မြဝတီမြို့နယ် မင်းလက်ပံရွာထဲကို နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကော်မရှင်တပ်စစ်ကြောင်းက စစ်ရေးဝင်ရောက်လှုပ်ရှားခဲ့ရာ KNLA တပ်မဟာ ၆ တော်လှန်ရေးအင်အားစုအဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး…

ထိုင်ဝမ်နဲ့ပတ်သက်လို့ ဂျပန်နဲ့ အငြင်းပွားမှုကို တရုတ်က ကုလသမဂ္ဂထံ တင်ပြ

ဘေဂျင်း၊ နိုဝင်ဘာ ၂၂ ထိုင်ဝမ်နဲ့ပတ်သက်လို့ တိုကျိုက စစ်ရေးအရ ကြားဝင်စွက်မယ်လို့ ခြိမ်းခြောက်တယ်လို့ ဘေဂျင်းက စွပ်စွဲပြီး ကျယ်ပြန့်လာတဲ့ ဂျပန်နဲ့အငြင်းပွားမှုကို တရုတ်က ကုလသမဂ္ဂသို့ တင်ပြပြီး ကိုယ်ကိုယ့်ကို ခုခံ ကာကွယ်မယ်လို့ ကြွေးကြော်လိုက်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီ ပြောဆိုခဲ့တဲ့ စကားတွေဟာ နိုင်ငံတကာ ဥပဒေနဲ့ သံတမန် စံနှုန်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှု…

ငြိမ်းချမ်းရေးအစီအစဉ် လက်မခံရင် ထောက်လှမ်းရေးသတင်းနဲ့ လက်နက်ထောက်ပံ့မှု ဖြတ်တောက်မယ်လို့ အမေရိကန်က ယူကရိန်းကို ခြိမ်းခြောက်

ကိဗ်၊ နိုဝင်ဘာ ၂၂ အမေရိကန် ကြားဝင်ညှိနှိုင်းပေးထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု မူဘောင်ကို ယူကရိန်း သဘောတူ လက်ခံလာစေရေး ထောက်လှမ်းရေး သတင်း မျှဝေပေးမှုနဲ့ လက်နက်ထောက်ပံ့မှုတွေကို ဖြတ်တောက်ပစ်မယ်လို့ အမေရိကန်က ခြိမ်းခြောက်ထားကြောင်း အဲဒီကိစ္စနဲ့ နီးစပ်သူ နှစ်ဦးက ပြောပါတယ်။ ကိဗ်အစိုးရဟာ အရင်က ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေတုန်းကထက် ဝါရှင်တန်ဆီက ပိုကြီးမားတဲ့ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရပြီး…

ပုလောမှာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနေအိမ်နဲ့ အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

ပုလော၊ နိုဝင်ဘာ ၂၂ တနင်္သာရီတိုင်း ပုလောမြို့ အမှတ် ၃ ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ နေအိမ်နဲ့ အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ လူနေထိုင်မှုမရှိတဲ့ ပုလောမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးဇာနည်အောင် နေအိမ်နဲ့ အမှတ် ၃…

မွန်ပြည်နယ်မှာ စပါးသယ်မှု ကန့်သတ်ချက်ကြောင့် တောင်သူတွေ ဝယ်လက်ပျောက်

မော်လမြိုင် ၊ နိုဝင်ဘာ ၂၂ မွန်ပြည်နယ်မှာ စစ်ကော်မရှင်ရဲ့ နယ်ကျော် စပါးသယ်ယူမှု ကန့်သတ်ချက်ကြောင့် ဝယ်လက်မရှိဘဲ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ စပါးစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရင်က မိုးစပါးထွက်ရှိချိန်မှာ စပါးပွဲစားတွေ လာရောက် ဝယ်ယူကြပေမယ့် ဒီနှစ်မှာတော့ စစ်ကော်မရှင် လက်အောက်ခံတွေက မြို့နယ်ကျော် စပါးသယ်ယူမှုတွေကို ဖမ်းဆီးတာ၊ ငွေကြေး အဆမတန် တောင်းခံတာတွေ လုပ်ဆောင်နေတာပါ။ နယ်ကျော်…

သရက်ချောင်းက နေအိမ် ၅၀ ကျော်ကို စစ်တပ် ဝင်မွှေပြီး တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်

သရက်ချောင်း၊ နိုဝင်ဘာ ၁၉ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် အောက်သရက်ချောင်းကျေးရွာကို စစ်ကော်မရှင်တပ် စစ်ကြောင်း ဝင်မွှေပြီးနောက် နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ နိုဝင်ဘာ ၁၉ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ၅၀ ကျော်ကို…

လွှတ်တော် မဖျက်သိမ်းဖို့ ထိုင်းဝန်ကြီးချုပ်ကို ပြည်သူ့ပါတီ သတိပေး

ဘန်ကောက်၊ နိုဝင်ဘာ ၂၂ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က အယုံအကြည် မရှိ အဆိုကို တုံ့ပြန်မှုတဲ့အနေနဲ့ လွှတ်တော်အစည်းအဝေး စတင်မယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ လွှတ်တော်ကို ဖျက်သိမ်းခဲ့မယ်ဆိုရင် လုပ်ငန်းရှင် တစ်ယောက်က သူ့လုပ်ငန်း စစ်ဆေးမခံရအောင် စီမံကိန်းကို စွန့်လွှတ်လိုက်သလို ဖြစ်လိမ့်မယ်လို့ ပြည်သူ့ပါတီက ပြောလိုက်ပါတယ်။ လွှတ်တော်ကို ဖျက်သိမ်းဖို့ ဝန်ကြီးချုပ်ရဲ့ ပြောဆိုမှုတွေဟာ…

ဂျပန်က တင်သွင်းတဲ့ အစားအစာတွေအပေါ် ကန့်သတ်ထားမှု အားလုံး ထိုင်ဝမ် ရုတ်သိမ်း

တိုင်ပေ၊ နိုဝင်ဘာ ၂၂ ဝန်ကြီးချုပ်အသစ်နဲ့ ဖြစ်ပွားတဲ့ ပြဿနာကြောင့် တရုတ်က ဂျပန် အစားအစာတွေ ဝယ်ယူမှု ရပ်ဆိုင်းတော့မယ်လို့ သတင်းထွက်နေချိန်မှာ ထိုင်ဝမ်က တိုကျိုအစိုးရကို ထောက်ခံကြောင်း နောက်ထပ် ပြသမှု တစ်ခုအနေနဲ့ ဂျပန်နိုင်ငံက တင်သွင်းတဲ့ အစားအစာတွေ အပေါ်ချမှတ်ထားတဲ့ ကန့်သတ်မှု အားလုံးကို နိုဝင်ဘာ ၂၁ ရက်မှာ ရုတ်သိမ်းလိုက်ပါတယ်။ ကြီးမားတဲ့ မြေငလျင်လှုပ်ခတ်မှုနဲ့…