October 2025

နိုင်ငံတွင်းရှိ ပစ်မှတ်တွေကို တရုတ်က ရုရှားအတွက် ထောက်လှမ်း သတင်းပေးနေတယ်လို့ ယူကရိန်း ပြော

ကိဗ်၊ အောက်တိုဘာ ၆ ယူကရိန်း ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ရာမှာ ပိုပြီး ထိရောက်စေဖို့ ရုရှားကို တရုတ်က ထောက်လှမ်းရေးသတင်းတွေ ပေးနေတယ်လို့ ယူကရိန်း ထောက်လှမ်းရေး ထိပ်တန်း အရာရှိ တစ်ယောက်က ပြောလိုက်ပါတယ်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေက အကျိုးအမြတ် ရနေတဲ့ နေရာတွေ အပါအဝင် ပစ်မှတ်တွေနဲ့ ပတ်သက်လို့ တရုတ်က ဂြိုဟ်တု ထောက်လှမ်းရေး…

အစိုးရဌာနတွေ ပြန်ဖွင့်ဖို့ ရှေ့မဆက်နိုင်ရင် ဝန်ထမ်းတွေ အစုလိုက် အပြုံလိုက် ထုတ်ပယ်မှု စတော့မယ်လို့ အိမ်ဖြူတော် ပြော

ဝါရှင်တန်၊ အောက်တိုဘာ ၆ အစိုးရအဖွဲ့ တစ်စိတ်တစ်ပိုင်း ပိတ်ထားရမှု အဆုံးသတ်ရေး လွှတ်တော်ထဲက ဒီမိုကရက်တွေနဲ့ ညှိနှိုင်းမှုတွေ ဘယ်နေရာကိုမှ ရောက်မလာဘူးလို့ သမ္မတ ဒေါ်နယ် ထရန့်က ဆုံးဖြတ်ခဲ့မယ်ဆိုရင် ထရန့် အစိုးရက ဖက်ဒရယ် အလုပ်သမားတွေကို အစုလိုက် အပြုံလိုက် စတင်ထုတ်ပယ်တော့မယ်လို့ အိမ်ဖြူတော် အကြီးတန်းအရာရှိ တစ်ဦးက အောက်တိုဘာ ၅ ရက်မှာ ပြောကြားလိုက်ပါတယ်။…

ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦး သေဆုံး

ထားဝယ်၊ အောက်တိုဘာ ၆ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်အကျဉ်းထောင်မှာ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား တစ်ဦး အသက်သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN က ထုတ်ပြန်ပါတယ်။ ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ ထားဝယ်မြို့နယ် ရှင်မုတ္ထီးရွာက အသက် ၄၈ နှစ်အရွယ် ဦးအောင်ကိုဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃…

သရက်ချောင်းမြို့နယ် သဲချောင်းကြီးရွာကို စစ်တပ် ဗုံးကြဲ

သရက်ချောင်း၊ အောက်တိုဘာ ၆ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် သဲချောင်းကြီးကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ အောက်တိုဘာ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ တောင်ပျောက်တိုက်နယ်အတွင်းရှိ သဲချောင်းကြီးကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဗုံးကြဲတိုက်ခိုက်မှုကြောင့်…

ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေ

မကွေး အောက်တိုဘာ ၆ မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ အောက်တိုဘာ ၅ ရက်မှာ ဆင်လူးကျေးရွာကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်း၊ ကာကွယ်ရေးအဖွဲ့တွေ​ကြား မဲဇလီကျေးရွာဝန်းကျင်မှာ အောက်တိုဘာလ ၆ ရက်က တိုက်ပွဲဖြစ်ပွားနေတာပါ။ “အဲဒီမြောက်ဘက်ကနေ…

ရွေးကောက်ပွဲနှောင့်ယှက်မှု စွပ်စွဲချက်နဲ့ လူပေါင်း ၆၀ ကျော် အရေးယူခံရ

နေပြည်တော် ၊ အောက်တိုဘာ ၅ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို ပျက်ပြားစေဖို့ နည်းအမျိုးမျိူးနဲ့ နှောင့်ယှက်ဟန့်တားတယ်ဆိုပြီး နိုင်ငံတဝန်းမှာ အရေးယူမှု ၂၄ မှုနဲ့ တရားခံ ၆၄ ရှိခဲ့ပြီလို့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။ အောက်တိုဘာ ၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကာလ…

မွန်ပြည်နယ်မှာ လူငယ်တွေကို အလစ်ငိုက်ဖမ်းဆီးပြီး စစ်သားစုဆောင်းမှု ပိုများလာ

မော်လမြိုင် ၊ အောက်တိုဘာ ၅ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနီးလာပေမယ့် လူငယ်တွေကို အလစ်ငိုက် အတင်းအဓမ္မဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ ပိုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ ဒေသတွင်းမှာ တစ်ယောက်တည်း အလုပ်သွားအလုပ်ပြန် လုပ်တဲ့လူငယ်တွေ၊ တစ်ယောက်တည်း ဝမ်းရေးအတွက် ရှာဖွေနေရတဲ့ လူငယ်တွေအပြင် ညဘက် တစ်ယောက်တည်း အပြင်ထွက်တဲ့ လူငယ်တွေကို ပစ်မှတ်ထား…

စစ်တပ်က BGF ၊ ခွဲထွက် DKBA နဲ့ပူးပေါင်းပြီး ကမမောင်း-ကတိုင်တိလမ်းပိုင်း စစ်ကြောင်းထိုးလာ

ဖာပွန်၊ အောက်တိုဘာ ၅ အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ ကရင်နယ်ခြားစောင့်တပ် BGF ၊ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA အဖွဲ့တို့နဲ့ ပူးပေါင်းပြီး ကမမောင်း-ကတိုင်တိလမ်းပိုင်းမှာ စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း သိမ်းပိုက်ခံထားရတဲ့ တပ်စခန်းတွေ ပြန်သိမ်းပိုက်နိုင်ရေးနဲ့ ဖာပွန်ဗျူဟာဆီ စစ်ကူပို့ဆောင်နိုင်ရေးအတွက် စစ်ကော်မရှင်တပ်က…

ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းမှာ စစ်တပ်အင်အားတိုးချပြီး ပစ်မိန့်ထုတ်ထား

ဘီးလင်း၊ အောက်တိုဘာ ၅ မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းမှာ စစ်ကော်မရှင်တပ်က အင်အားအများအပြား တိုးချထားပြီး အစစ်ဆေးမခံပါက ပစ်မိန့်ထုတ်ထားတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူ တွေထံက သိရပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ မနက် ၇ နာရီလောက်ကစလို့ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်တွေဟာ အလူးလေးကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက် နေရာယူဖြန့်ကျက်ထားတာပါ။ စစ်ကော်မရှင်နဲ့နီးစပ်သူတွေရဲ့…

ရုရှားမှာ ဆီးရီးယားသမ္မတဟောင်း အာဆတ် အဆိပ်ခတ်ခံရ

မော်စကို၊ အောက်တိုဘာ ၄ ရုရှားမှာ ဆီးရီးယားသမ္မတဟောင်း ဘာရှား အယ်လ် အာဆတ် အဆိပ်ခတ်ခံရပြီး ဆေးရုံတင်ပို့ခဲ့ရပြီးတဲ့နောက် ဆေးရုံကနေ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပုဂ္ဂလိက သတင်းရင်းမြစ်ကို ကိုးကားပြီး အောက်တိုဘာ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ သမ္မတဟောင်း အာဆတ်ဟာ ရုရှားမြို့တော်ရဲ့ ဆင်ခြေဖုံးဒေသရှိ ဆေးရုံ တစ်ခုကနေ အောက်တိုဘာ ၁…