October 2025

ဂါဇာမှာ ဗုံးကြဲတိုက်ခိုက်မှု ရပ်တန့်ဖို့ အစ္စရေးကို အမေရိကန် တိုက်တွန်း

အစ္စတန်ဘူးလ် အောက်တိုဘာ ၄ ဟားမာ့စ်အဖွဲ့က လက်ကျန် အစ္စရေးဓားစာခံ အားလုံး ပြန်လွှတ်ပေးဖို့ သဘောတူထားတာကြောင့် ဂါဇာ ကမ်းမြောင်ဒေသမှာ ဗုံးကြဲ တိုက်ခိုက်နေတာတွေ အဆုံးသတ်ဖို့ အစ္စရေးကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။ ဟားမာ့စ်က ဓားစာခံတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ သဘောတူထားပေမယ့် ဂါဇာနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုမှုပါ သတ်မှတ်ချက် အတော်များများနဲ့ ပတ်သက်လို့…

ရေဖြူတိုက်ပွဲအတွင်း နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ခံရ

ရေဖြူ၊ အောက်တိုဘာ ၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဧကနိကျေးရွာ တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကော်မရှင်တပ်ဟာ နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒေါနတပ်ခွဲ ၆ ထံကနေ သိရပါတယ်။ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် ဧကနိကျေးရွာမှာ စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက်တိုဘာ ၁…

မြိတ် တုံးဗျောကြီးစစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံး

မြိတ်၊ အောက်တိုဘာ ၃ တနင်္သာရီတိုင်း မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာရှိ စစ်ကော်မရှင်ရဲ့ စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။ အင်အားဆယ်ချီဝန်းကျင်နဲ့ တပ်စွဲထားတဲ့ တုံးဗျောကြီးကျေးရွာလမ်းဆုံရှိ စစ်ကော်မရှင်ရဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သား သုံးဦး သေဆုံးခဲ့ပြီး တော်လှန်ရေးမဟာ မိတ်ပူးပေါင်းတပ်တွေဘက်က…

ရခိုင်မှာ တစ်လအတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သား ၂၀ ကျော် သေဆုံး

ကျောက်တော်၊ အောက်တိုဘာ ၄ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ တစ်လအတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့ပြီး ၄၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ သံတွဲနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ…

စစ်အာဏာသိမ်း (၁၇၀၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၃၁၈) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၄ AAPP ရဲ့ အောက်တိုဘာ ၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၀၆) ရက်အတွင်း ပြည်သူ (၇၃၁၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၇၈၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၉၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ပြည်နယ်မှာ နိုင်ငံရေးပါတီတချို့ လက်ဆောင်ပေးပြီး ပါတီစည်းရုံးမှုတွေ ပြုလုပ်နေ

မော်လမြိုင် ၊ အောက်တိုဘာ ၄ မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတချို့ဟာ လက်ဆောင်ပေးပြီး ပါတီစည်းရုံးရေးတွေ ပြုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတချို့ ဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ စစ်ကော်မရှင် အပြည့်အဝ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အဓိကစည်းရုံးမှုတွေ ပြုလုပ်လာတာပါ။ ပါတီစည်းရုံးရေးမှာ…

တစ်လအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆၈ ဦး အလင်းဝင်

မော်လမြိုင်၊ အောက်တိုဘာ ၄ နိုင်ငံတဝန်းမှာ စက်တင်ဘာလ တစ်လအတွင်း စစ်ကော်မရှင်ရဲ့ ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၆၈ ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာပြီး အလင်းဝင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနဲ့ ပြည်သူ့ရင်ခွင်အဖွဲ့တွေကို ချိတ်ဆက်ကာ…

သထုံမှာ မဲရုံစောင့်လုပ်ဖို့ လူလိုက်ခေါ်နေ

သထုံ၊ အောက်တိုဘာ ၄ မွန်ုပြည်နယ် သထုံမြို့နယ်မှာ အာဏာသိမ်းစစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံစောင့်လုပ်ဖို့ လိုက်လံစည်းရုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ တတိယအပတ်ကစလို့ မဲရုံလုံခြုံရေးအတွက် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် သူတို့နဲ့နီးစပ်ရာသူတွေကို မဲရုံစောင့်လုပ်ဖို့ လိုက်လံစည်းရုံးနေတာတွေ ရှိနေတာပါ။ မဲရုံစောင့် လုပ်ဆောင်မယ်ဆိုပါက သင်တန်းတက်တဲ့ရက်၊ မဲရုံစောင့်ရမယ့်ရက်တွေအတွက် တစ်ရက် ကျပ် ၂၀၀၀၀…

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း အရပ်သား ၃၂၀ ကျော် သတ်ဖြတ်ခံရ

မော်လမြိုင်၊ အောက်တိုဘာ ၄ မွန်ပြည်နယ်တဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ လေးနှစ်ခွဲကျော်ကာလအတွင်း အရပ်သား ၃၂၀ ကျော် သတ်ဖြတ်ခံထားရတယ်လို့ အောက်တိုဘာ ၃ ရက်နေ့ထုတ် လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ သတ်ဖြတ်ခံရသူတွေထဲမှာ စစ်ကော်မရှင် သတင်းပေးဒလန်တွေနဲ့အုပ်ချုပ်ရေးအဖွဲ့တွေအပြင် ဒေသခံ အရပ်သားပြည်သူတွေလည်း ပါဝင်ပြီး လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံထားရမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်မှုထမ်းအပါအဝင် ဖမ်းဆီးတာခံရသူ ၂၁၅၀…

ရေပြဿနာကြောင့် မြို့တော်ကို နေရာပြောင်းမယ်လို့ အီရန် သမ္မတ ပြော

တီဟီရန်၊ အောက်တိုဘာ ၃ မြို့တော် တီဟီရန်ကို တိုးချဲ့မှု များလွန်းတာကြောင့် လုံလောက်တဲ့ ရေထောက်ပံ့ပေးမှုတွေ မရှိဘဲ မြေကြီး ကျွံဝင်နိုင်တဲ့ အန္တရာယ်ပိုများလာတဲ့ အတွက် နိုင်ငံတောင်ပိုင်းသို့ ရွှေ့ပြောင်းရုံကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူးလို့ အီရန် သမ္မတက ပြောလိုက်ပါတယ်။ နိုင်ငံ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို အဲဒီလို ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့နှစ်မှာကတည်းက အဆိုပြုခဲ့တယ်လို့ သမ္မတ…