သထုံ၊ အောက်တိုဘာ ၁၉
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်အတွင်းရှိ ကျေးရွာတွေကို စစ်ကော် မရှင်တပ်က လေကြောင်းကင်းထောက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့လကစလို့ သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ဘီးလင်းနဲ့ သထုံမြို့ နယ်တို့မှာ SPY ဘောလုံးတွေအပါအဝင် ဒရုန်း၊ Y 12 လေယာဉ်တွေနဲ့ လေကြောင်းထောက် လှမ်းမှုတွေ ပိုမိုပြုလုပ်လာတာ ဖြစ်ပါတယ်။
လေကြောင်းကင်းထောက်မှု ပိုမိုပြုလုပ်လာတဲ့ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်ရှိ ကျောက်ဖျာကျေးရွာနဲ့ နတ်စင်ကျေးရွာတို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ကလည်း KNU ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၅ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ပစ်မှတ်ထားမှုအပေါ် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ကလည်း အပြင်းအထန် ရှုတ်ချထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

