စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ

ကျောက်ကြီး၊ အောက်တိုဘာ ၁၉

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သား ၇ ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း (၉) ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ စစ်မှုထမ်းတပ်သားတွေဟာ ကျောက်ကြီးမြို့နယ်အခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၇၅ ခြေလျင်တပ်ရင်းက စစ်မှုထမ်းတပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းတပ်သား ၇ ဦးဟာ အောက်တိုဘာ ၁၅ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း (၉) နဲ့ ချိတ်ဆက်ပြီး ဘက်ပြောင်းခိုလှုံလာတာ ဖြစ်ပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ စစ်မှုထမ်းတပ်သားတွေဟာ တပ်သား ကျော်ဇေယျ၊ တပ်သား သီဟနိုင်၊ တပ်သား အောင်မျိုးဦး၊ တပ်သား စည်သူဟိန်း၊ တပ်သား မောင်မှောက်၊ တပ်သား သန်းနိုင်ဦးနဲ့တပ်သား ရာဇာထက်တို့ ဖြစ်ပါတယ်။

သူတို့ ၇ ဦးဟာ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၇)၊ (၁၀) နဲ့ (၁၃) တို့က သင်တန်းသားတွေဖြစ်ပြီး အဲဒီထဲက တပ်သား သန်းနိုင်ဦးနဲ့ တပ်သား ရာဇာထက်တို့ဟာ အရောင်းစားခံရပြီး ပြည် သူ့စစ်မှုထမ်းဘဝသို့ ရောက်ရှိလာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မတရား စစ်မှုထမ်းစေခိုင်းခံနေရသူတွေ အာဏာသိမ်းစစ်တပ်အတွင်း တပ်သားတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင်ဘက် ပြောင်းခိုလှုံကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.