October 13, 2025

စစ်အာဏာသိမ်း (၁၇၁၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၃၆၆) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၄ AAPP ရဲ့ အောက်တိုဘာ၁၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၁၆) ရက်အတွင်း ပြည်သူ (၇၃၆၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၈၁၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၀၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

NCA အခမ်းအနား မတက်ဖို့ နိုင်ငံတကာကို တော်လှန်ရေး EAOs တွေ တိုက်တွန်း

မော်လမြိုင် ၊ အောက်တိုဘာ ၁၄ မကြာခင် ကျင်းပမယ့် NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားမှာ နိုင်ငံတကာက အသိသက်သေတွေကို ဖိတ်ကြားသွားမယ်လို့ စစ်ကော်မရှင်က ထုတ်ပြောပြီးနောက် နိုင်ငံတကာအဖွဲ့အစည်းတွေကို မတက်ရောက်ဖို့ တော်လှန်ရေး EAOs တွေက တိုက်တွန်းလိုက်ပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs…

ထားဝယ်-မြိတ်လမ်းပိုင်းမှာ လူငယ် ၇၀ ကျော် စစ်မှုထမ်း အဖမ်းခံရ

ထားဝယ်၊ အောက်တိုဘာ ၁၄ တနင်္သာရီတိုင်း ထားဝယ် – မြိတ်ပြည်ထောင်စုလမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း လူငယ် ၇၀ ကျော် စစ်မှုထမ်း ဖမ်းဆီးခံလိုက်ရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပေးပို့ချက်တွေအရ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၇ ရက်နေ့ကစလို့ ထားဝယ်- မြိတ်လမ်းပိုင်းက ထားဝယ် (ပေါက်တိုင်းဂိတ်)၊ သရက်ချောင်းမြို့ဝင်ဂိတ်၊ ပုလော(တံတားဂိတ်)တို့မှာ လူငယ်တွေကို ဦးတည်ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ…

ရေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ် အထိနာနေ

ရေး၊ အောက်တိုဘာ ၁၄ မွန်ပြည်နယ် ရေးမြို့နယ်မှာ တစ်ကျော့ပြန် ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က အထိနာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၁၀ ရက်နေ့ကစလို့ ရေးမြို့နယ်ရဲ့ စံပြ၊ အောင်သပြေ၊ ကနင်ကမော့နဲ့ ဘေးလမိုင်းကျေးရွာအနီး ပတ်ဝန်းကျင်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့က…

တရုတ်နဲ့မြောက်ကိုရီးယား ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ရှိနေ

ဆိုးလ်၊ အောက်တိုဘာ ၁၃ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ အရေးကိစ္စတွေမှာ မြောက်ကိုရီးယားနဲ့ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် လုပ်ဆောင်ဖို့ အသင့်ရှိကြောင်း တရုတ်က ပြောကြားတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ထံ ပြီးခဲ့တဲ့ ရက်ပိုင်းက ပေးပို့တဲ့ စာမှာ အဲဒီလို ပြောဆိုထားတာ ဖြစ်တယ်လို့…

ယူကရိန်းဆီ Tomahawk ဒုံးကျည်တွေ ပေးပို့ဖို့ ထရန့် စဉ်းစားနေ

ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ယူကရိန်းသို့ တာဝေးပစ် Tomahawk ခရု့ဇ် ဒုံးကျည်များ ပေးပို့ရေး စဉ်းစားနေကြောင်း၊ ယူကရိန်းအနေနဲ့ စစ်ပွဲဆင်နွှဲရာမှာ တိုက်ခိုက်မှု ခြေလှမ်းသစ် တစ်ခု ဖြစ်လာလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ အစ္စရေးသို့ သွားရောက်မယ့် Air Force One လေယာဉ်ပေါ်မှာ ယူကရိန်းသို့ Tomahawk ခရု့ဇ် ဒုံးကျည်တွေ ပေးပို့သွားမှာလားလို့…

အာဏာသိမ်းမှုကြောင့် NCA စာချုပ် စက္ကူစုတ်တစ်ခု ဖြစ်သွားပြီလို့ ERO ၆ ဖွဲ့ ပြော

မော်လမြိုင်၊ အောက်တိုဘာ ၁၃ ၂၀၂၁ စစ်အာဏာသိမ်းမှုဟာ NCA စာချုပ်ရဲ့ အနှစ်သာရ၊ အခြေခံမူတွေနဲ့ရည်မှန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးလိုက်ပြီဖြစ်ပြီး NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်လည်း ရပ်ဆိုင်းသွားကာ စက္ကူစုတ်တစ်ခုအဖြစ်သို့ ရောက်ရှိသွားစေတယ်လို့ ERO ၆ ဖွဲ့က ပြောပါတယ်။ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA…

ပုလောမှာ စစ်မှုထမ်းသင်တန်းသား လေးဦး KNLA ထံ ထွက်ပြေးခိုလှုံ

ပုလော၊ အောက်တိုဘာ ၁၃ တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်မှုထမ်းသင်တန်းသား တပ်သား လေးဦး ထွက်ပြေးခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ထွက်ပြေးခိုလှုံလာတဲ့ စစ်မှုထမ်းသင်တန်းသားတွေဟာ ပုလောမြို့နယ်အခြေစိုက် အမှတ် ၁၂ တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်းမှာ သင်တန်းရောက်နေတဲ့ သင်တန်းသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ထဲက သုံးဦးဟာ အောက်တိုဘာ ၅ ရက်နေ့၊ ကျန်…

အစ္စရေး ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအပြီး ပါကစ္စတန်အစ္စလာမ်မစ်တွေ မြို့တော်သို့ ချီတက်

လာဟိုး၊ အောက်တိုဘာ ၁၃ မြို့တော် လာဟိုးမှာ အစ္စရေး ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် သဘောထားတင်းမာတဲ့ လက်ယာယိမ်း ပါကစ္စတန် အစ္စလာမ္မစ်ပါတီ အဖွဲ့ဝင် ထောင်ပေါင်းများစွာဟာ မြို့တော်ဆီကို ချီတက်သွားခဲ့ကြပါတယ်။ Tehreek-e-Labbaik Pakistan (TLP) ပါတီက လာဟိုးမြို့မှာ အောက်တိုဘာ ၉ ရက်က ဆန္ဒပြပွဲတွေ စတင်ပြုလုပ်ခဲ့ပြီး အစ္စရေးနဲ့ဟားမာ့စ်ကြား…

ယူကရိန်း စစ်ပွဲ အဆုံးသတ်ပေးဖို့ ထရန့်ကို ဇီလန်စကီး တိုက်တွန်း

ကိဗ်၊ အောက်တိုဘာ ၁၃ အရှေ့အလယ်ပိုင်းမှာလို ယူကရိန်းမှာ ငြိမ်းချမ်းမှုရရှိရေး အကျိုးဆောင်ပေးဖို့ ယူကရိန်းသမ္မတက သမ္မတ ဒေါ်နယ်ထရန့်ကို တိုက်တွန်းလိုက်ပြီး ထရန့် အနေနဲ့ စစ်ပွဲတစ်ပွဲကို အဆုံးသတ်စေနိုင်တယ်ဆိုရင် နောက်ထပ် တခြားစစ်ပွဲတွေကိုလည်း အဆုံးသတ်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ယူကရိန်းရဲ့စွမ်းအင် အဆောက်အဦတွေကို ရုရှားက ကြီးကြီးမားမား အတိုင်းအတာနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မြို့တော် ကိဗ်ရဲ့ဒေသတွေနဲ့ တခြား ယူကရိန်းဒေသ…