ပုလော၊ အောက်တိုဘာ ၁၃

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်မှုထမ်းသင်တန်းသား တပ်သား လေးဦး ထွက်ပြေးခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ထွက်ပြေးခိုလှုံလာတဲ့ စစ်မှုထမ်းသင်တန်းသားတွေဟာ ပုလောမြို့နယ်အခြေစိုက် အမှတ် ၁၂ တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်းမှာ သင်တန်းရောက်နေတဲ့ သင်တန်းသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ထဲက သုံးဦးဟာ အောက်တိုဘာ ၅ ရက်နေ့၊ ကျန် တစ်ဦးဟာ အောက်တိုဘာ ၈ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄) ထံ ထွက်ပြေးခိုလှုံလာခဲ့တာပါ။

အလင်းဝင်လာတဲ့ စစ်မှုထမ်းသင်တန်းသား လေးဦးဟာ လက်နက်မပါဘဲ လူသက်သက် စစ်သင်တန်းကျောင်းကနေ ထွက်ပြေးလာပြီး KNLA အဖွဲ့နဲ့ ချိတ်ဆက်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်တပ်အတွင်းက တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေထံ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင် ပူးပေါင်းကြဖို့ KNU တပ်မဟာ(၄)က တိုက်တွန်းထားပါတယ်။

KNU တပ်မဟာ(၄) ထံ အခုလအတွင်း စစ်ကော်မရှင်တပ်က စစ်မှုထမ်းတပ်သားတွေ မကြာခဏဆိုသလို အလင်းဝင်ရောက်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.