October 8, 2025

အွန်လိုင်းငွေကြေး ပိုင်ဆိုင်ထားတဲ့ လူချမ်းသာတွေကို မြောက်ကိုရီးယား ဟက်ကာတွေ ပိုမို ပစ်မှတ်ထားလာ

ဆိုးလ် အောက်တိုဘာ ၉ အင်တာနက် ငွေကြေး ဒါမှမဟုတ် ဒီဂျစ်တယ် ငွေကြေး ပိုင်ဆိုင်ထားတဲ့ ကြွယ်ဝချမ်းသာသူတွေဆီကနေ မြောက်ကိုရီးယား ဟက်ကာတွေက သူတို့နိုင်ငံ ပြည်တွင်းထုတ်ကုန်တန်ဖိုးရဲ့ ၁၃ ရာခိုင်နှုန်းတန်ဖိုးရှိ ဒေါ်လာ ၂ ဘီလီယံ အထိ ခိုးယူထားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ မြောက်ကိုရီးယား ဟက်ကာတွေက Lazarus Group လို…

ရွှေဟာ ဩစတြေးလျရဲ့ ဒုတိယတန်ဖိုးအကြီးမားဆုံး ရင်းမြစ်ပို့ကုန် ဖြစ်လာ

ဆစ်ဒနီ အောက်တိုဘာ ၈ အခု ဘဏ္ဍာရေးနှစ်အတွင်း သံသတ္ထုရိုင်းပြီးရင် ရွှေဟာ နိုင်ငံရဲ့ ဒုတိယတန်ဖိုးအကြီးမားဆုံး ရင်းမြစ်ပို့ကုန် ဖြစ်လာတယ်လို့ ဩစတြေးလျနိုင်ငံက ပြောဆိုလိုက်ပါတယ်။ ဒါဟာ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ရွှေဆိုတဲ့ ဘေးကင်းခိုင်မာတဲ့ သတ္ထု ဝယ်လိုအားက ဓာတ်ငွေ့ရည် ဝယ်လိုအားထက် ကျော်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၆ ခုနှစ် ဇွန်လမှာ အဆုံးသတ်မယ့် လက်ရှိ ဘဏ္ဍာရေးနှစ်မှာတော့…

ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ် လေကြောင်း ပစ်ခတ်မှုတွေ ပြုလုပ်

မကွေး အောက်တိုဘာ ၈ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်က လေကြောင်းကနေ ပစ်ခတ်တာတွေ ပြုလုပ်သွားတယ်လို့ ဒေသခံတွေကသံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ အောက်တိုဘာ ၇ ရက် မနက်ကနေ ညနေပိုင်းအထိ ပွင့်ဖြူမြို့နယ်က ပုသိမ်-မုံရွာလမ်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ “စစ်တပ်က နှစ်ကြိမ် ဗုံး ၈ လုံးချပြီး တိုက်ခိုက်သွားတယ်။ ရော့ကတ်တွေနဲ့ပစ်တာမျိုး ဖြစ်နိုင်ပါတယ်။…

စစ်အာဏာသိမ်း (၁၇၁၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၃၂၈) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၈ AAPP ရဲ့ အောက်တိုဘာ ၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၁၀) ရက်အတွင်း ပြည်သူ (၇၃၂၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၇၈၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၀၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မြန်မာလူငယ်တွေ အလုပ်အကိုင်နဲ့ ပညာရေး မကြုံစဖူးတဲ့ အခက်အခဲ ကြုံနေရ

မော်လမြိုင် ၊ အောက်တိုဘာ ၈ မြန်မာနိုင်ငံရဲ့ လူဦးရေသုံးပုံတစ်ပုံဖြစ်တဲ့ အသက် ၁၅ နှစ်ကနေ ၃၅ နှစ်အရွယ် လူငယ်တွေဟာ ပညာရေးနဲ့ အလုပ်အကိုင်အတွက် မကြုံစဖူးတဲ့ စိန်ခေါ်ချက်တွေကို ရင်ဆိုင်နေရတယ်လို့ ကုလ သမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ အစီအရင်ခံစာက ဖော်ပြပါတယ်။ အောက်တိုဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အနာဂတ် ရပ်တန့်ခံ မျိုးဆက်သစ်ဆိုတဲ့…

မွန်ပြည်နယ် စစ်ကော်မရှင်ရဲ့ မဲစာရင်းအမှားတွေကို လာပြင်သူ မရှိသလောက်နည်းပါး

မော်လမြိုင် ၊ အောက်တိုဘာ ၈ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာ ရင်းတွေ ကပ်ထားရာမှ မဲစာရင်းအမှားတွေကို လာရောက် ပြင်ဆင်သူ မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက်…

နဘူး-တံတားကျိုး(ကော့ကရိတ်)လမ်းပိုင်းက ကျေးရွာတွေကို စစ်တပ်ပြန်လည်ထိန်းချုပ်

ကော့ကရိတ်၊ အောက်တိုဘာ ၈ ကရင်ပြည်နယ် ကော့ကရိတ်မြောက်ဘက်ပိုင်း နဘူး-တံတားကျိုး(ကော့ကရိတ်)လမ်းပိုင်းတစ် လျှောက်က ကျေးရွာတွေကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီလို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နဘူး-တံတားကျိုး လမ်းပိုင်းမှာရှိတဲ့ နန်းကော်တေး၊ နောင်ထပ္ပံ၊ လန်ခိုဘိုင်း၊ မြပတိုင်အစရှိတဲ့ ကျေးရွာတွေကို စစ်ကော်မရှင်တပ်လက်အောက်ခံ တပ်မ ၄၄ က အောက်တိုဘာ ၆ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။ နဘူး-တံတားကျိုး(ကော့ကရိတ်)လမ်းပိုင်း ပြန်လည်ထိန်းချုပ်လိုက်တဲ့…