ဆစ်ဒနီ အောက်တိုဘာ ၈

အခု ဘဏ္ဍာရေးနှစ်အတွင်း သံသတ္ထုရိုင်းပြီးရင် ရွှေဟာ နိုင်ငံရဲ့ ဒုတိယတန်ဖိုးအကြီးမားဆုံး ရင်းမြစ်ပို့ကုန် ဖြစ်လာတယ်လို့ ဩစတြေးလျနိုင်ငံက ပြောဆိုလိုက်ပါတယ်။ ဒါဟာ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ရွှေဆိုတဲ့ ဘေးကင်းခိုင်မာတဲ့ သတ္ထု ဝယ်လိုအားက ဓာတ်ငွေ့ရည် ဝယ်လိုအားထက် ကျော်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ် ဇွန်လမှာ အဆုံးသတ်မယ့် လက်ရှိ ဘဏ္ဍာရေးနှစ်မှာတော့ ရွှေဝယ်လိုအားဟာ ဩစတြေးလျဒေါ်လာ ၁၂ ဘီလီယံကနေ ဘီလီယံ ၆၀ အထိ မြင့်တက်လာဖွယ်ရှိတယ်လို့ ရွှေထုတ်လုပ်သူတွေကခန့်မှန်ပြီး ဈေးအမြင့်တန်းနဲ့ပဲ ရွှေတွေကို ပိုမိုတင်ပို့နိုင်လိမ့်မယ်လို့ စက်တင်ဘာလမှာ ထုတ်ပြန်တဲ့ စက်မှုဝန်ကြီးဌာနရဲ့ အပတ်စဉ်အစီရင်ခံစာမှာ ‌ဖော်ပြပါတယ်။

ဒီဘဏ္ဍာရေးနှစ်အတွင်း ရေနံဆီဈေး နိမ့်ဆင်းလာမှုကြောင့် ဩစတြေးလျရဲ့ တင်ပို့ကုန်တစ်ခုဖြစ်တဲ့ LNG လို့ခေါ်တဲ့ ဓာတ်ငွေ့ရည် ဝယ်လိုအားဟာ ဒေါ်လာ ၅၄ ဘီလီယံအထိနဲ့ နောက်ဘဏ္ဍာရေးနှစ်မှာ ၄၈ ဘီလီယံအထိ လျော့ကျသွားလိမ့်မယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာလည်း အတိုးနှုန်းနိမ့်ပါးမှုက လာမယ့် ၂ နှစ်အတွင်း ရွှေတစ်အောင်စကို ဒေါ်လာ ၃၂၀၀ အထက် ရှိစေနိုင်မယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်မှာတော့ ရွှေတစ်အောင်စကို ကန်ဒေါ်လာ ၄၀၀၀ နီးပါးနဲ့ ဈေးပိတ်ထားတာပါ။

ယူကရိန်းမှာ စစ်ပွဲဖြစ်ပွားနေချိန် ၂၀၂၂-၂၀၂၃ ကာလမှာ စွမ်းအင်ဈေးနှုန်းတွေ ပုံမှန်ပြန်ဖြစ်လာပြီးနောက် ရွှေဟာ ဝယ်လိုအား ဝယ်လိုအား ဒေါ်လာ ၄၆၀ ဘီလီယံအထိ စံချိန်တင်မြင့်တက်ခဲ့တာကြောင့် ဩစတြေးလျနိုင်ငံရဲ့ ရင်းမြစ်တင်ပို့ကုန်တွေမှာ ရွှေဟာ ထိပ်တန်းကို ရောက်ရှိလာတာပါ။

တစ်ဖက်မှာတော့ ရင်းမြစ်နဲ့ စွမ်းအင်တင်ပို့ကုန် ရငွေတွေဟာ လက်ရှိ ဘဏ္ဍာရေးနှစ်အတွင် ၅ ရာခိုင်နှုန်း ဩစတြေးလျဒေါ်လာ ၃၆၉ ဘီလီယံအထိနဲ့ နောက်တစ်နှစ်မှာတော့ ဒေါ်လာ ၃၅၄ ဘီလီယံအထိ လျော့ကျလာမယ်လို့ ခန့်မှန်းပါတယ်။

သံသတ္ထုရိုင်းတွေကတော့ ဩစတြေးလျနိုင်ငံရဲ့ ရင်းမြစ်တင်ပို့ကုန်ရငွေမှာ လာမယ့် ၂ နှစ်ကျော်အတွင် စွမ်းအင်နဲ့ ရင်းမြစ်ပစ္စည်းပို့ကုန်တွေ အားလုံးပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကျော်အထိ ရယူထားလိမ့်မယ်လို့ အစီအရင်ခံစာထဲ ဖော်ပြထားပါတယ်။

Ref:yahoo

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.