September 19, 2025

မြန်မာနိုင်ငံအတွက် လူသားစာနာ အကူအညီ အားကောင်းကောင်းနဲ့ ပေးပို့ရေး အင်ဒိုနီးရှား လွှတ်တော်အမတ်တွေ တိုက်တွန်း

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ စက်တင်ဘာ ၁၇ ရက်က ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့တဲ့ ၄၆ ကြိမ်မြောက် အာဆီယံ လွှတ်တော်များ ညီလာခံ AIPA မှာ အင်ဒိုနီးရှား လွှတ်တော် အမတ်တွေက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ အားကောင်းကောင်းနဲ့ ပို့ဆောင်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။ အာဆီယံ အလုံးစုံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတပ်ဦးက လွှတ်တော်များ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့…

ဂါဇာ အပစ်အခတ် ရပ်စဲရေး လုံခြုံရေးကောင်စီ တိုက်တွန်းချက် အမေရိကန် ဗီတိုအာဏာနဲ့ ထပ်မံ ပယ်ချ

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၉ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ် ရပ်စဲဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့တိုက်တွန်းချက်ကို အမေရိကန်က ဗီတိုအာဏာနဲ့ စက်တင်ဘာ ၁၈ ရက်မှာ ထပ်မံ တားဆီးလိုက်ပြီး သူ့ရဲ့ မဟာမိတ် အစ္စရေးကို အဓိပ္ပါယ် ပြည့်ဝတဲ့ သံတမန်ရေး ဖိအားတွေကနေ ကာကွယ်ပေးလိုက်ပါတယ်။ ဂါဇာမှာ အငတ်ဘေးဆိုက်နေကြောင်း ကုလရဲ့ တရားဝင် ကြေညာချက်ကို တုံ့ပြန်တဲ့အနေနဲ့ သြဂုတ်လမှာ…

တနင်္သာရီ သိန်းခွန်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံး

တနင်္သာရီ၊ စက်တင်ဘာ ၁၉ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၈ နာရီအချိန်လောက်က သိန်းခွန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ပူးပေါင်းတပ်တွေအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ…

စစ်အာဏာသိမ်း (၁၆၉၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၂၇၀) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၉ AAPP ရဲ့ စက်တင်ဘာ၁၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာ လ (၁၆၉၁) ရက်အတွင်း ပြည်သူ (၇၂၇၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၆၉၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၇၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် CRPH ၊NUG ၊NUCC တို့ ပူးတွဲကြေညာ

နေပြည်တော် ၊ စက်တင်ဘာ ၁၉ စစ်ကောင်စီကနေ အသွင်ပြောင်းထားတဲ့ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အစည်းအပြင် နိုင်ငံ တော်နဲ့ ပြည်သူလူထုရဲ့ ရန်သူဖြစ်ကြောင်း အမျိုးသားညီညွတ်‌ရေးအစိုးရ NUG အပါအဝင် CRPH နဲ့ NUCC တို့က စက်တင်ဘာ ၁၈ ရက်နေ့မှာ ပူးတွဲ ကြေညာပါတယ်။ စစ်အုပ်စုရဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်နဲ့ပတ်သက်ပြီး အမျိုးသားညီ ညွတ်‌ရေးအစိုးရ NUG…

မွန်ကောင်စီနှစ်ဖွဲ့ စစ်‌ကော်ရှင် ရွေးကောက်ပွဲကို အတူဆန့်ကျင်သွားမယ်လို့ အသိပေး

မော်လမြိုင် ၊ စက်တင်ဘာ ၁၉ မွန်ပြည်နယ်ကိုယ်စားပြု မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ MSCC တို့ စစ်ကော်မရှင်ကနေ ပြုလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲကို အတူလက်တွဲဆန့်ကျင်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့မှာ အသိပေးပါတယ်။ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ သဘာပတိ နိုင်ကောင်းရွက် ဦးဆောင်တဲ့ MSFC နဲ့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင် ဦးဆောင်တဲ့…

စစ်ခေါင်းဆောင် ထားဝယ်ခရီးစဉ် လုံခြုံရေးအင်အား ထောင်ချီအသုံးပြု

ထားဝယ်၊ စက်တင်ဘာ ၁၉ တနင်္သာရီတိုင်း ထားဝယ်မြို့ကို ရောက်ရှိတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခ ရီးစဉ်အတွင်း လုံခြုံရေးအင်အား ထောင်ချီ အသုံးပြုခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ခေါင်းဆောင်ဟာ စက်တင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ထားဝယ်မြို့ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အဲဒီခရီးစဉ်အတွက် လုံခြုံရေးအင်အား အများအပြား အသုံးပြုခဲ့တာ ဖြစ်ပါတယ်။…

စစ်ကော်မရှင် ရွေးကောက်ပွဲကို ကြိုဆိုထောက်ခံတယ်လို့ ခွဲထွက် DKBA ပြော

မြဝတီ၊ စက်တင်ဘာ ၁၉ စစ်ကော်မရှင်က ကျင်းပမယ့်ရွေးကောက်ပွဲအပေါ် ကြိုဆိုထောက်ခံပြီး ရွေးကောက်ပွဲအောင်မြင်စေဖို့အတွက် စစ်တပ်နဲ့ လက်တွဲကာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗိုလ်ဘိဦးဆောင်တဲ့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA က စက်တင်ဘာ ၁၇ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာလမှာ ကျင်းပမယ့် အထွေးထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရေးဆောင်ရွက်ချက်တွေကို ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးနယ်မြေ၊ ဦးစီးပဓာန နာယကချုပ်ဆရာတော် ဘဒ္ဒန္တ နန္ဒသာရရဲ့…