ထားဝယ်၊ စက်တင်ဘာ ၁၉

တနင်္သာရီတိုင်း ထားဝယ်မြို့ကို ရောက်ရှိတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခ ရီးစဉ်အတွင်း လုံခြုံရေးအင်အား ထောင်ချီ အသုံးပြုခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ စက်တင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ထားဝယ်မြို့ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အဲဒီခရီးစဉ်အတွက် လုံခြုံရေးအင်အား အများအပြား အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ခေါင်းဆောင် ထားဝယ်ခရီးစဉ်အတွင်း စစ်ကော်မရှင်တပ်၊ ရဲတပ် ဖွဲ့နဲ့ ပြည်သူ့စစ်အင်အား အများအပြားလုံခြုံရေးယူခဲ့ပြီး မြို့တွင်မြို့ပြင်နဲ့ လမ်းဆုံ၊ လမ်းဂွ၊ ရပ်ကွက် လမ်းထိပ်တွေပါမကျန် နေရာအနှံ့မှာ လုံခြုံရေးချခိုင်းထားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်နဲ့ရဲတပ်ဖွဲ့တွေကလည်း အင်အားအများအပြားနဲ့ မြို့တွင်း လှည့်လည်သွားလာနေသလို စစ်ခေါင်းဆောင် သွားမယ့်ရောက် လမ်းပိုင်းတချို့ကိုလည်း ယာယီပိတ်ပင်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရေဖြူ-ထားဝယ်၊ လောင်းလုံး-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းကိုလည်း ဖြတ်သန်းသွား လာခွင့် ပိတ်ပင်ထားတာကြောင့် ခရီးသွားကား ထောင်နဲ့ချီ ပိတ်ဆို့မှု ဖြစ်ပေါ်နေပါတယ်။

စစ်ခေါင်းဆောင်ဟာ ထားဝယ်ခရီးစဉ်အတွင်း မြို့တော်ခန်းမဖွင့်ပွဲ၊ ထားဝယ်ဘုရားကြီး(ရွှေတောင်စားစေတီ)နဲ့ ထားဝယ်ကွန်ပျူတာတက္ကသိုလ်နဲ့ တပ်နယ်တွေကိုလည်း သွားရောက်ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ထားဝယ်ခရီးစဉ် မတိုင်မီ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က တနင်္သာရီတိုင်းရဲ့ ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တို့ကို တပြိုင်တည်း လေ ကြောင်းကနေ ဗုံးကြဲထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.