September 13, 2025

မွန်ပြည်နယ်မှာ လူငယ် ၂၄၀ နီးပါး စစ်သားစုဆောင်းခံရပြန်

မော်လမြိုင် ၊ စက်တင်ဘာ ၁၄ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်မယ့် လာမယ့် ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၇ အတွက် ဒေသတွင်းက လူငယ် ၂၄၀ နီးပါး စစ်သားစုဆောင်းခံလိုက်ရတယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက် တွေအရ သိရပါတယ်။ စစ်သားစုဆောင်းခံလိုက်ရတဲ့ လူငယ်တွေကို စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြီးခဲ့တဲ့စက်တင်ဘာ ၁၂…

နေအိမ်မီးရှို့ခံရတဲ့ ရေဖြူစစ်ရှောင် တစ်ထောင်နီးပါး အရေးပေါ်ကူညီလိုအပ်နေ

ရေဖြူ၊ စက်တင်ဘာ ၁၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်း နေအိမ်မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံတစ်ထောင်နီးပါး အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့က အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် ရေဖြူမြို့နယ် တောင်ရင်းအင်းနဲ့ဆယ်အိမ်စုကျေးရွာတို့မှာ တော်လှန်ရေးတပ်ဖွဲ့တို့အ ကြား သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။…

နီပေါမှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် တာဝန်ယူ

ခတ္တမန္ဒူ၊ စက်တင်ဘာ ၁၃ အရင်အစိုးရအဖွဲ့ကို ပြိုလဲစေခဲ့တဲ့ ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေအပြီး နီပေါနိုင်ငံကို ဦးဆောင်မယ့် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် နိုင်ငံတော် တရားရုံး တရားရေး အကြီးအကဲဟောင်း ဆူရှီလာ ကာကီကို ယာယီ ဝန်ကြီးချုပ်အဖြစ် နီပေါသမ္မတက စက်တင်ဘာ ၁၂ ရက်မှာ ခန့်အပ်လိုက်ပါတယ်။ သမ္မတ ရမ် ချန်ဒရာ ပိုဒဲလ်က လွှတ်တော်ကိုလည်း ဖျက်သိမ်းလိုက်ပြီး…

ဟားမာ့စ် မပါတဲ့ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရေး ကုလ လုံခြုံရေး ညီလာခံ မဲခွဲ ဆုံးဖြတ်

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၃ ဟားမာ့စ်အဖွဲ့ ပါဝင်မှု မရှိဘဲ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် နှစ်ပြည်ထောင်ဖြေရှင်းရေး တဖန် အသက်ပြန်သွင်းမယ့် ဆုံးဖြတ်ချက် တစ်ရပ် ဖြစ်တဲ့ နယူးယောက် ကြေညာချက်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက စက်တင်ဘာ ၁၂ ရက်မှာ မဲခွဲဆုံးဖြတ် ထောက်ခံခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၄၂ နိုင်ငံက ထောက်ခံခဲ့ကြပြီး…

ကျောက်တော် စာသင်ကျောင်း ဗုံးကြဲမှု ပြင်းထန်စွာ လက်တုံ့ပြန်မယ်လို့ AA ပြော

ကျောက်တော်၊ စက်တင်ဘာ ၁၃ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်း ဗုံးကြဲမှုအတွက် ကျုးလွန်သူတွေကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော်(AA)က ပြောပါတယ်။ မနေ့ စက်တင်ဘာ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း”နဲ့ “အမြင်သစ်” ကိုယ်ပိုင်အထက်တန်းကျောင်းတို့ကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။ စစ်တပ်ဗုံးကြဲမှုကြောင့်…

နီပေါနိုင်ငံဆူပူမှုကို သင်ခန်းစာဖော်ထုတ်ဖို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော်၊ စက်တင်ဘာ ၁၃ နီပေါနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လူထုဆန္ဒပြပွဲကို သင်ခန်းစာ ဖော်ထုတ်ဆောင်ရွက်သွားဖို့ စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူအစိုးရအဖွဲ့ တာဝန်ရှိသူတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မနေ့ စက်တင်ဘာ ၁၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အာဏာသိမ်း စစ်ကော်မရှင်နဲ့ ပြည် ထောင်စုအစိုးရအဖွဲ့တို့ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှာစကားပြောကြားစဉ် ထည့်သွင်းပြော ဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်က…

ချာလီ ကာ့ဒ်ကို သတ်ဖြတ်မှု သံသယရှိသူ ဖခင်ထံ ဝန်ခံပြီးနောက် ရဲတပ်ဖွဲ့က ထိန်းသိမ်းထား

ဝါရှင်တန်၊ စက်တင်ဘာ ၁၃ အခုသီတင်းပတ် စောစောပိုင်းက တက္ကသိုလ်အခမ်းအနားတစ်ခုရဲ့ စင်မြင့်ထက်မှာ ဟောပြောနေချိန် လက်ယာယိမ်း တက်ကြွလှုပ်ရှားသူ ချာလီ ကာ့ဒ် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ယူတားပြည်နယ်က အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ သံသယရှိသူကို လိုက်လံရှာဖွေမှု ၃၃ နာရီ ကြာလာပြီးနောက်မှာ တိုင်လာ ရော်ဘင်ဆင်က သူ့ရဲ့ဖခင်ထံ…

စစ်အာဏာသိမ်း (၁၆၈၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၂၃၄) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၃ AAPP ရဲ့ စက်တင်ဘာ၁၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၈၅) ရက်အတွင်း ပြည်သူ (၇၂၃၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၆၇၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မဲဆွယ်စည်းရုံးရေးအတွက် မွန်နိုင်ငံရေးပါတီတွေ ဘယ်လိုစဉ်းစားချက်ရှိမလဲ

မော်လမြိုင် ၊ စက်တင်ဘာ ၁၃ စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ တော်လှန်ရေးအင် အားစုတွေ ထုတ်ပြန်ထားတဲ့အပေါ် မဲဆွယ်စည်းရုံးရေးကို လုံခြုံရေးအပေါ် မူတည်ပြီး လှုပ်ရှားသွားမယ်လို့ မွန်နိုင်ငံရေးပါတီတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရွေးကောက်ပွဲကျင်းပချိန်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးချိန်တွေမှာ သူတို့ရဲ့ လုံခြုံရေးအတွက် စစ်ကော်မရှင်အနေနဲ့ စီစဉ်ပေးရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားတာပါ။…