နေပြည်တော်၊ စက်တင်ဘာ ၁၃

နီပေါနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လူထုဆန္ဒပြပွဲကို သင်ခန်းစာ ဖော်ထုတ်ဆောင်ရွက်သွားဖို့ စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူအစိုးရအဖွဲ့ တာဝန်ရှိသူတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မနေ့ စက်တင်ဘာ ၁၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အာဏာသိမ်း စစ်ကော်မရှင်နဲ့ ပြည် ထောင်စုအစိုးရအဖွဲ့တို့ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှာစကားပြောကြားစဉ် ထည့်သွင်းပြော ဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က နီပေါနိုင်ငံ ဆူပူမှု နောက်ကွယ်မှာ အင်အားကြီး နိုင်ငံအချို့ပါဝင်နေတာ လေ့လာသိရှိရကြောင်းနဲ့ ဒီဖြစ်စဉ်အပေါ် မိမိတို့နိုင်ငံအနေနဲ့ သင်ခန်းစာယူဖို့ ပြောပါတယ်။

နီပေါနိုင်ငံ ဆူပူမှုကို လေ့လာကြည့်တဲ့အခါ ဆိုရှယ်မီဒီယာတွေ မှတ်ပုံတင်ဖို့ ဆောင်ရွက်တာကနေ စတင်ဖြစ်ပေါ်လာတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဲဒီအစည်းဝေးမှာ စစ်ခေါင်းဆောင်က သူတို့အစိုးရအဖွဲ့ရဲ့ ဝန်ကြီးဌာန အချက်အလက်တွေ၊ ဝန်ထမ်း အချက်အလက်တွေဟာ ဆိုရှယ်မီဒီယာတွေ အသုံးပြုမှုမှတဆင့် လုံခြုံရေးကျိုးပေါက်နေတာကြောင့် ထိရောက်စွာ ကြပ်မတ်ဖို့ ဆောင်ရွက်သွားဖို့ မှာကြားခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.