July 2025

သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြဝတီမြို့ခံ ၃၀၀၀ ကျော် အရေးပေါ်ပြောင်းရွှေ့

မြဝတီ၊ ဇူလိုင် ၂၅ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ သောင်ရင်းမြစ်ရေကြီးမှုကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းဆီ အရေးပေါ်ပြောင်းရွှေ့ထားရတယ်လို့ မြို့ခံတွေအပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။ ဝီဖာမုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေတွေစီးဆင်းလာတဲ့အတွက် ကရင် ပြည်နယ် မြဝတီမြို့မှာ သောင်ရင်းမြစ်ရေကြီးလာတဲ့အတွက် မြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်ကြတဲ့ အမှတ်၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက် ၊…

ထိုင်းနဲ့ ကမ္ဘောဒီးယား တိုက်ခိုက်မှုတွေ အရှိန်မြင့်လာလို့ ပြည်ပနိုင်ငံတွေ သတိပေးချက် ထုတ်ပြန်

ဘန်ကောက်၊ ဇူလိုင် ၂၄ ဇူလိုင် ၂၄ ရက် မနက်စောစောပိုင်းမှာ တကျော့ပြန် စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား တိုက်ခိုက်မှု ဆက်လက် အရှိန်မြင့်လာတာကြောင့် သက်ဆိုင်ရာ ပြည်ပနိုင်ငံတွေက သူတို့ရဲ့ နိုင်ငံသားတွေနဲ့ ပတ်သက်လို့ သတိပေးချက်တွေ အသီးသီး ထုတ်ပြန်ထားပါတယ်။ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ ရှိတဲ့ လူတွေကို ထိုင်းအာဏာပိုင်တွေက ဇူလိုင် ၂၄ ရက်က စတင်ပြီး…

အစ္စရေးနဲ့ စစ်ခင်းဖို့ အသင့်ရှိပြီး နျူကလီးယား စီမံကိန်းကို ရပ်တန့်မှာ မဟုတ်ဘူးလို့ အီရန် သမ္မတ ပြော

တီဟီရန်၊ ဇူလိုင် ၂၄ အစ္စရေးက တိုက်ခိုက်လာနိုင်တဲ့ စစ်ပွဲမှန်သမျှအတွက် မိမိတို့ ကြိုတင်ပြင်ဆင်ထားပြီး နျုကလီးယား စီမံကိန်းကိုလည်း ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ အီရန်သမ္မတ မာဆောက် ပီဇက်ခီယန်က ပြောကြားလိုက်ပါတယ်။ Al Jazeera သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သမ္မတ ပီဇက်ခီယန်က နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲလို့လည်း အဆင်ပြေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အီရန်ကို…

စစ်ကောင်စီက မွန်ပြည်နယ် တရားသူကြီးချုပ်အဖြစ် ဒေါ်ဌေးမြင့်အေးကို ခန့်အပ်

မော်လမြိုင်၊ ဇူလိုင် ၂၄ မွန်ပြည်နယ် တရားသူကြီးချုပ်အဖြစ် ဒေါ်ဌေးမြင့်အေးကို ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက ဇူလိုင် ၂၃ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်လာပါတယ်။ ဒေါ်ဌေးမြင့်အေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြည်သူတရားသူကြီးချုပ်အဖြစ် ခန့်အပ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်ဌေးမြင့်အေးဟာ ပြည်နယ်တရားသူကြီးချုပ်ဖြစ်တဲ့ ဦးညီညီစိုး ရာထူးကနေ အငြိမ်းစား ယူသွားတဲ့အတွက် ပြည်နယ်တရားသူကြီးချုပ်အဖြစ်…

အငြင်းပွားနေတဲ့ နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်တို့ အပြန်အလှန် တိုက်ခိုက်

ဘန်ကောက်၊ ဇူလိုင် ၂၄ အငြင်းပွားနေတဲ့ နယ်စပ်ဒေသနဲ့ ပတ်သက်လို့ တင်းမာမှုတွေ မြင့်တက်နေချိန် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချခဲ့ပြီးနောက် နာရီပိုင်းအကြာ ဇူလိုင် ၂၄ ရက် မနက်က နှစ်နိုင်ငံစစ်သားတွေ အပြန်အလှန် ပစ်ခတ်ခဲ့ကြရာကနေ တိုက်ခိုက်မှု နောက်တစ်ကျော့ ဖြစ်ပွားခဲ့ပါတယ်။ သီတင်းပတ်ပေါင်းများစွာကြာ တင်းမာမှုတွေ တအုံနွေးနွေး ဖြစ်နေခဲ့ပြီးနောက် သူ့ဘက်က စပြီး ပစ်ခတ်တယ်ဆိုပြီး…

မွန်ပြည်နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၃၀ နီးပါးပျက်စီး၊ လူသုံးဦးဒဏ်ရာရ

မော်လမြိုင်၊ ဇူလိုင် ၂၄ မွန်ပြည်နယ်ရဲ့ မြို့နယ် သုံးခုမှာ ဝီဖာမုန်တိုင်းအရှိန်ကြောင့် လေဆင်နှာမောင်းနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၃၀ နီးပါး ပျက်စီးခဲ့ပြီး လူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။ ပေါင်၊ သထုံနဲ့ သံဖြူဇရပ်မြို့နယ်တို့မှာ ဇူလိုင် ၂၃ ရက်နေ့ ညပိုင်းနဲ့ ဇူလိုင် ၂၄ ရက်နေ့ မနက်ပိုင်းတို့မှာ လေဆင်နှာမောင်းနဲ့ လေပြင်းတိုက်ခတ်မှုကြောင့်…

စစ်အာဏာသိမ်း (၁၆၃၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၉၉၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၂၄ AAPP ရဲ့ ဇူလိုင်၂၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၃၄) ရက်အတွင်း ပြည်သူ (၆၉၉၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၄၂၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၂၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ပြည်နယ်မှာ မဲပေးစက်ဆင့်ပွားသင်တန်းတွေ စစ်ကောင်စီ ဆက်တိုက်ဖွင့်လှစ်

မော်လမြိုင် ၊ ဇူလိုင် ၂၄ လာမယ့် ရွေး‌ကောက်ပွဲမှာ အီလက်ထရောနစ်မဲ‌ပေးစက်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် မွန်ပြည်နယ်ရှိ မြို့နယ်တချို့မှာ မဲပေးစက်တွေ ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့် ပွားသင်တန်းတွေကို စစ်ကောင်စီက တောက်လျှောက် ဖွင့်လှစ်လာနေပါတယ်။ မွန်ပြည်နယ်တောင်ပိုင်းက နယ်မြေဧရိယာကျယ်ပြန့်ပြီး လက်နက်ကိုင်တော်လှန်ရေးတပ်တွေ လှုပ် ရှားမှုအားကောင်းတဲ့ ရေးမြို့နယ်အပါအဝင် ကျိုက်မရောမြို့နယ်တို့မှာ မဲပေးစက်ကိုင်တွယ်အသုံး ပြုခြင်းသင်တန်းကို ဇူလိုင် ၂၁ ရက်နေ့က…

ဝီဖာမုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ကြဖို့ KNU အရေးပေါ် သတိပေးချက်ထုတ်

ဘားအံ၊ ဇူလိုင် ၂၄ ဝီဖာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကော်သူးလေမှာရှိတဲ့ ပြည်သူလူထုတွေအနေနဲ့ ရေသန့် အစား အစာခြောက် ဆေးဝါးစတာတွေကို ပြင်ဆင်ထားကြဖို့နဲ့ အမြန်ပြောင်းရွှေ့ဖို့ လိုအပ်ပါက အနီးဆုံး ဘေးကင်းလုံခြုံတဲ့ နေရာ တွေကို ပြောင်းရွှေ့ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဇူလိုင် ၂၃ ရက်နေ့မှာ အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဝီဖာ ဆိုင်ကလုန်းမုန်တိုင်းဟာ ကော်သူးလေအပါအဝင် မြန်မာနိုင်ငံအရှေ့တောင်ဘက်ကို…

လောင်းလုံးမှာ စစ်တပ်လက်နက်ကြီးကျလို့ အရပ်သားသုံးဦးသေဆုံး

လောင်းလုံး၊ ဇူလိုင် ၂၄ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ နှစ်ရက်အတွင်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သုံးဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇူလိုင် ၂၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးသုံးလုံး ပစ်ခတ်ရာကနေ…