ပလမြို့မှာ စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သားလေးဦး သေဆုံး၊ ခြောက်ဦးဒဏ်ရာရ
ပုလော၊ ဇူလိုင် ၂၆ တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့အနီးပတ်ဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားလေးဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကစလို့ ပလမြို့အစပ်၊ ပလနဲ့ပုလောကြား ပြည်ထောင်စုလမ်းမပေါ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာပါ။ အဲဒီတိုက်ပွဲအတွင်း…
