မော်လမြိုင်၊ ဇူလိုင် ၂၄
မွန်ပြည်နယ် တရားသူကြီးချုပ်အဖြစ် ဒေါ်ဌေးမြင့်အေးကို ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက ဇူလိုင် ၂၃ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်လာပါတယ်။
ဒေါ်ဌေးမြင့်အေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြည်သူတရားသူကြီးချုပ်အဖြစ် ခန့်အပ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်ဌေးမြင့်အေးဟာ ပြည်နယ်တရားသူကြီးချုပ်ဖြစ်တဲ့ ဦးညီညီစိုး ရာထူးကနေ အငြိမ်းစား ယူသွားတဲ့အတွက် ပြည်နယ်တရားသူကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ပြည်နယ်တရားသူကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ဒေါ်ဌေးမြင့်အေးဟာ NLD အစိုးရ လက်ထက်က မွန်ပြည်နယ်မှာ တရားသူကြီးအဖြစ် စတင်ခန့်အပ်ခံခဲ့ရတာပါ။
အလားတူ အဲဒီနေ့မှာပဲ မွန်ပြည်နယ်တရားရေးဦးစီးမှူးဖြစ်တဲ့ ဒေါ်ခိုင်ခိုင်မျိုးကိုလည်း ပြည်နယ်တရားသူကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

