စစ်ကောင်စီရဲ့ တိုက်စစ်ဆင်မှုကို တန်ပြန်နိုင်ဖို့ တပ်ပေါင်းစုဖွဲ့ဖို့ လိုအပ်နေပြီလား
သပိတ်ကျင်း ၊ ဇူလိုင် ၂၅ အာဏာသိမ်းမှု လေးနှစ်ကျော် ငါးနှစ်ထဲ ဝင်လာချိန်မှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးတိုက်ပွဲအတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ တစ်နိုင်ငံလုံးဆိုင်ရာ စစ်ရေးတပ်ပေါင်းစု ဖွဲ့ဖို့ အရေးတကြီး လိုအပ်နေပြီလို့ လေ့လာသူတွေက ပြောဆိုနေကြပါတယ်။ မတူညီတဲ့ ဒေသအသီးသီးရဲ့ မြေပြင်အခြေအနေပေါ် မူတည်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ စစ်အာဏာရှင်စနစ်ကို အင်အားချိနဲ့အောင် တိုက်ခိုက်ခဲ့ကြပေမယ့် တစ်နိုင်ငံလုံးချီတဲ့ အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ မဟာမိတ် တပ်ပေါင်းစုကိုတော့…
