ဘီးလင်းမှာ စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ နှစ်ဦးသေဆုံး
ဘီးလင်း၊ ဇူလိုင် ၂၄ မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးမှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇူလိုင် ၂၃ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ အလူးလေးကျေးရွာအနီး ပတ်ဝန်းကျင်ကို အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။…
