February 2, 2025

တနင်္သာရီမှာ စစ်ကြောင်းဝင်လို့ ဒေသခံတွေ ထွက်ပြေးရတာ သတင်းမှားလို့ စစ်တပ်ဝါဒဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “တနင်္သာရီတိုင်း လောင်းလုံးနဲ့ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့သတင်းကို သတင်းအမှား”ဆိုပြီး စစ်ကောင်စီဘက်က ဝါဒဖြန့်ချီလာတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီထိန်းချုပ်ထားတဲ့…

ယုံကြည်မှုကင်းမဲ့လာတာကို ပြသနေတဲ့ စစ်ကောင်စီရဲ့ ဖြုတ်ထုတ်ခန့် အပြောင်းအလဲ

နေပြည်တော် ၊ ဖေဖော်ဝါရီ ၂ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် နောက်ထပ် ၆ လ သက်တမ်းတိုးယူမှုနဲ့အတူ စစ်ကောင် စီ အဖွဲ့ဝင်တွေကို ပြင်ဆင်ဖွဲ့စည်းပြီး ဝန်ကြီးတချို့ကိုလည်း ရာထူးကနေ အပြောင်းအလဲလုပ်လာပါတယ်။ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေထဲမှာ ၁၆ ဦးသာပါဝင်ပြီး ဦးရွှေကြိမ်းနဲ့ ဦးရန်ကျော်တို့ကို အဖွဲဝင်အဖြစ်ကနေ ဖယ်ရှားကာ ဗဟိုအကြံပေးအဖွဲ့ဝင်တွေအဖြစ် ခန့်အပ်ထားတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ပြည်ထဲရေးဝန်ကြီး…

ရေးမြို့မရဲစခန်းအတွင်းပစ်ခတ်မှု ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံး၊ စခန်းမှူးဒဏ်ရာပြင်းထန်

ရေး၊ ဖေဖော်ဝါရီ ၂ မွန်ပြည်နယ်ရေးမြို့ရှိ ရေးမြို့မရဲစခန်းမှာ အချိန်နှစ်နာရီကျော်အကြာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအ တွင်း ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး စခန်းမှူးဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွေအပါ အဝင် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုဟာ ရေးမြို့မရဲစခန်းက ဒုရဲအုပ်နိုင်လွင်ဦး ဦးဆောင်တဲ့အဖွဲ့က အချုပ်ခန်းအတွင်းရှိ အချုပ်သားတွေကို…

သိမ်ဇရပ် PDF စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရ၊ အရပ်သားနှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရ

သိမ်ဇရပ်၊ ဖေဖော်ဝါရီ ၂ မွန်ပြည်နယ် သိမ်ဇရပ်မြို့ သုံးခွကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ် PDF စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ခရီးသွားအရပ်သား နှစ်ဦးအပါအဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ သိမ်ဇရပ်အခြေစိုက် အမှတ် ၂၀၇ ခြေမြန်တပ်ရင်းက ဒရုန်းနှစ်စီးဟာ သုံးခွကျေးရွာရှိ PDF…