အမှန်/အမှား
+++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့ “တနင်္သာရီတိုင်း လောင်းလုံးနဲ့ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့သတင်းကို သတင်းအမှား”ဆိုပြီး စစ်ကောင်စီဘက်က ဝါဒဖြန့်ချီလာတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းစာအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇန်နဝါရီ ၂၉ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာလေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လွတ် လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၂၁ ရက်နေ့ကစပြီး ရေဖြူမြို့နယ် ရေနက်ဆိပ်ကမ်းဧရိယာကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီကနေတဆင့် လောင်းလုံးမြို့နယ်ထဲကို ဇန်နဝါရီ ၂၄ ရက်နေ့ကစပြီး စစ် ကြောင်းထိုး ဝင်ရောက်လာခဲ့တာလို့ သံလွင်တိုင်းမ်သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရေနက်ဆိပ်ကမ်းဧရိယာ နဘုလယ်ဒေ သထဲကို စစ်ကြောင်းထိုးပြီးနောက် လောင်းလုံးမြို့နယ်ထဲက ကျေးရွာတွေကို တောလမ်းအတိုင်း ဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။
လောင်းလုံးမြို့နယ်ဘက်ကို တောလမ်းတွေကနေ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းတွေ သုံးခုထက်မနည်းသွားနေပြီး ရေဖြူမြို့နယ်ထဲက ရလိုင်၊ သစ်တိုထောင့်၊ ပိန်းရှောင်ရွာ တဝိုက်မှာရှိနေတယ်လို့ ဒေသခံတွေက The Tanintharyi Times သတင်းဌာနမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီစစ်ကြောင်းကြောင့် ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်ထဲမှာရှိတဲ့ မူးဒူး၊ ရလိုင်၊ သစ်တိုထောင့်၊ ပိန်းရှောင်၊ ဒေါင်းရှောင်၊ ဆင်ပုနစ်၊ မြို့ဟောင်းနဲ့ စခန်းကြီးရွာတွေက ဒေသခံတွေ နီးစပ်ရာမှာ တိမ်းရှောင်နေရတယ်လို့ The Tanintharyi Times မှာ ဖော်ပြထားပါတယ်။
သံလွင်တိုင်းမ်သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်
The Tanintharyi Times သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်

