မော်လမြိုင်၊ နိုဝင်ဘာ ၁၂

မွန်ပြည်နယ်မှာ အခုနှစ်မိုးစပါးပေါ်ကာလအတွင်း စပါးဈေးကောင်းမရတာ၊ အထွက်နှုန်းသိသိသာ သာ ကျဆင်းလာတာကြောင့် အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ စပါးစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စပါးစိုက်တောင်သူတွေဟာ စပါးစိုက်ပျိုးနေချိန် သွင်းအားစုအပါအဝင် ကုန်ကျစရိတ်အဆမတန် ကြီးမြင့်နေတာ၊ အချိန်အခါမဟုတ် မိုးရွာသွန်းတာ၊ ပိုးမွှားကျတာမှုတွေကြောင့် စပါးခင်းအများအ ပြား ထိခိုက်ပျက်စီးမှုနဲ့ ကြုံခဲ့ရတာပါ။

ဒါပေမယ့် စပါးပေါ်ကာလမှာ စပါးဈေးနှုန်း ထင်သလောက် မရဘဲ ဈေးနိမ့်ဝယ်ယူခံနေရတာ၊ ရိတ် သိမ်းစရိတ်ကြီးမြင့်နေတဲ့အတွက် တောင်သူအများစု အရှုံးနဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

စပါးဈေနှုန်းကလည်း ဆန်ကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ ကို ကျပ် ၁၆ သိန်းကျော်၊ ဆန်ချောအုပ်စုဝင် စပါးတွေက တင်း ၁၀၀ လျှင် ကျပ် ၂၂ သိန်းလောက်သာ ပေါက်ဈေးရှိနေတဲ့အတွက် တောင်သူတွေ နာလန်မထူနိုင်ဖြစ်နေရတာပါ။

စပါးစိုက်တောင်သူတစ်ဦးကတော့ အခုစပါးပေါက်ဈေးကြောင့် အနည်းဆုံး ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ အရှုံးပေါ်နိုင်တယ်လို့ ပြောပါတယ်။

စပါးစိုက်တောင်သူတွေဟာ အာဏာသိမ်းကာလအတွင်း အလုပ်သမားစရိတ်တွေအပါအဝင် သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်မှုကြောင့် လယ်တစ်ဧကလျှင် စိုက်ပျိုးရေးကုန်ကျစရိတ်အ ဖြစ် ကျပ် ၁၁ သိန်းကျော် ကုန်ကျခဲ့တာပါ။

ဒါပေမယ့် ဒီနှစ်မှာတော့ ရာသီဥတုဖောက်ပြန်မှုတွေနဲ့အတူ ပိုးမွှားကျရောက်မှုတွေကြောင့် လယ်တစ်ဧကကို အများဆုံး တင်း ၄၀ ကနေ ၅၀ လောက်သာ ထွက်ရှိနေပြီး တချို့လယ်တွေဆိုရင် တစ်ဧက ၂၅ တင်းခန့်သာ စပါးထွက်ရှိနေတယ်လို့ တောင်သူတွေက ပြောကြပါတယ်။

စပါးစိုက်တောင်သူ တစ်ဦးကလည်း စပါးအထွက်နှုန်း ကျဆင်းချိန်မှာ စပါးဈေးမကောင်းတဲ့အ တွက် တောင်သူတွေ နာလန်မထူနိုင် ဖြစ်နေရတယ်လို့ ပြောပါတယ်။

မွန်ပြည်နယ်ဟာ မိုးစပါးစိုက်ပျိုးဧကပေါင်း ခုနှစ်သိန်းနီးပါးစိုက်ပျိုးတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ် စဉ်စပါး တင်းပေါင်း သိန်း ၄၃၀ ကျော် ထွက်ရှိတာပါ။

ဒါပေမယ့် ဒီနှစ်မှာတော့ တိုင်ဖွန်းရာဂီမုန်းတိုင်ဒဏ်၊ အချိန်အခါမဟုတ် မိုးရွာသွန်းတာ၊ ပိုးမွှားကျရောက်မှုတွေကြောင့် စပါးအထွက်နှုန်း သိသိသာသာ ကျဆင်းလာနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.