November 11, 2024

စစ်အာဏာသိမ်း (၁၃၈၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၄၁) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၁၂ AAPP ရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၈၀) ရက်အတွင်း ပြည်သူ (၅၉၄၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၆၅၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မော်လမြိုင်မြို့ရှိ နေအိမ်ခြံစည်းရိုးတွေကို တူညီဆေးရောင်သုတ်ရန် စစ်ကောင်စီညွှန်ကြား

မော်လမြိုင် ၊ နိုဝင်ဘာ ၁၂ မွန်ပြည်နယ် မော်လမြိုင်မြို့အတွင်း နေထိုင်သူတွေအနေနဲ့ နေအိမ်ခြံစည်းရိုးတွေကို တူညီအရောင်သုတ်ရန် စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားလာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ခြံစည်းရိုးတွေကို ဆေးသုတ်ရာမှာ တစ်မြို့လုံးကို သတ်မှတ်ထားတဲ့ အရောင်အနေနဲ့ ခြံစည်းရိုးကို မီးခိုးရောင်၊ ခြံစည်းရိုးအကာ မျက်နှာပြင်ကိုတော့ အဝါနုရောင်သုတ်ရမယ်လို့ နိုဝင်ဘာ ၅ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားလာတာပါ။…

မွန်ပြည်နယ်မှာ စပါးဈေးကောင်းမရလို့ တောင်သူတွေအရှုံးပေါ်

မော်လမြိုင်၊ နိုဝင်ဘာ ၁၂ မွန်ပြည်နယ်မှာ အခုနှစ်မိုးစပါးပေါ်ကာလအတွင်း စပါးဈေးကောင်းမရတာ၊ အထွက်နှုန်းသိသိသာ သာ ကျဆင်းလာတာကြောင့် အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ စပါးစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စပါးစိုက်တောင်သူတွေဟာ စပါးစိုက်ပျိုးနေချိန် သွင်းအားစုအပါအဝင် ကုန်ကျစရိတ်အဆမတန် ကြီးမြင့်နေတာ၊ အချိန်အခါမဟုတ် မိုးရွာသွန်းတာ၊ ပိုးမွှားကျတာမှုတွေကြောင့် စပါးခင်းအများအ ပြား ထိခိုက်ပျက်စီးမှုနဲ့ ကြုံခဲ့ရတာပါ။ ဒါပေမယ့် စပါးပေါ်ကာလမှာ စပါးဈေးနှုန်း ထင်သလောက် မရဘဲ…

ကျိုက်ထိုမှာ အသက်မပြည့်သေးတဲ့ လူငယ်နှစ်ဦး PDF စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရ

ကျိုက်ထို၊ နိုဝင်ဘာ ၁၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ်နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။ အဲဒီလူငယ်နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲ့ အပတ်စဉ် ၁ သင်တန်းဆင်းထားသူတွေ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့အရေးယူသွားမယ်လို့ ဆိုပါတယ်။ PDF…

ရေဖြူမှာ စစ်ကောင်စီစစ်ကြောင်းက ဒေသခံတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးနေ

ရေဖြူ၊ နိုဝင်ဘာ ၁၂ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းရှိ ဒေသခံနှစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ကစပြီး အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ လောင်းလုံးမြို့ နယ် ပန်းတင်အင်းကျေးရွာကို ဖြတ်ကျော်လာပြီး ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်…

ယူကရိန်း စစ်ပွဲ အရှိန်မြင့်လာအောင် မလုပ်ဖို့ ပူတင်ကို ထရန့် တိုက်တွန်း

နယူးယောက်၊ နိုဝင်ဘာ ၁၁ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်မှာ ဒေါ်နယ်ထရန့်နဲ့ ဗလာဒီမာ ပူတင်တို့ဟာ ဖုန်းနဲ့ ဆက်သွယ်ပြီး ယူကရိန်းစစ်ပွဲ အခြေအနေကို ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီ ကိစ္စနဲ့ နီးစပ်သူတွေကို ကိုးကားပြီး Washington Post က နိုဝင်ဘာ ၁၀ ရက်မှာ ဖော်ပြပါတယ်။ အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားသူ ထရန့်က…

ငွေလဲနှုန်း တည်ငြိမ်စေရေး ဒေါ်လာ ထုတ်ရောင်းဖို့ အသင့်ရှိတယ်လို့ ဗီယက်နမ် ဗဟိုဘဏ် ပြော

ဟနွိုင်း၊ နိုဝင်ဘာ ၁၁ ငွေလဲလှယ်နှုန်း တည်ငြိမ်စေရေး ဈေးကွက်ထဲကို အမေရိကန်ဒေါ်လာတွေ ထုတ်ရောင်းပေးဖို့ ဗီယက်နမ် ဗဟိုဘဏ်က အသင့်ရှိတယ်လို့ ဘဏ်အုပ်ချုပ်ရေးမှူး ငုယင် သီဟောင်က နိုဝင်ဘာ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဗဟိုဘဏ်က အတိုးနှုန်းထား လျှော့ချလိုက်ပြီးနောက် ဈေးကွက်အတွင်း ငွေလဲနှုန်း အတက်အကျတွေ များလာတယ်လို့ အုပ်ချုပ်ရေးမှူး ဟောင်က လွှတ်တော်သို့ ပြောကြားပြီး ဈေးကွက်…

ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒရုန်းနဲ့လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်မှုရှိ

မကွေး နိုဝင်ဘာ ၁၁ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ထိခိုက်မှုတွေရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်မှာ စစ်ကောင်စီအင်အား ၅၀ ဝန်းကျင်ဟာ မဲဇလီရဲစခန်းကို ရောက်လာပြီး ပုသိမ်-မုံရွာလမ်း အနောက်ဘက်ကရွာတွေကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ “အခြေအနေက တော်တော်ဆိုးပါတယ်။…

နှစ်လအတွင်း ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦး အလင်းဝင်

မော်လမြိုင်၊ နိုဝင်ဘာ ၁၁ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦး အလင်းဝင်လာတယ်လို့ NUG က နိုဝင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သူတို့တွေဟာ NUG ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း၊ ပကဖတွေ…