ဟနွိုင်း၊ နိုဝင်ဘာ ၁၁
ငွေလဲလှယ်နှုန်း တည်ငြိမ်စေရေး ဈေးကွက်ထဲကို အမေရိကန်ဒေါ်လာတွေ ထုတ်ရောင်းပေးဖို့ ဗီယက်နမ် ဗဟိုဘဏ်က အသင့်ရှိတယ်လို့ ဘဏ်အုပ်ချုပ်ရေးမှူး ငုယင် သီဟောင်က နိုဝင်ဘာ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဗဟိုဘဏ်က အတိုးနှုန်းထား လျှော့ချလိုက်ပြီးနောက် ဈေးကွက်အတွင်း ငွေလဲနှုန်း အတက်အကျတွေ များလာတယ်လို့ အုပ်ချုပ်ရေးမှူး ဟောင်က လွှတ်တော်သို့ ပြောကြားပြီး ဈေးကွက် စီမံခန့်ခွဲရေးဟာ စိန်ခေါ်မှုရှိတဲ့ တာဝန် တစ်ရပ် ဖြစ်တယ်လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ဗဟိုဘဏ်အနေနဲ့ ငွေလဲနှုန်း တည်ငြိမ်ရေးနဲ့ ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေး ဦးစားပေး ဆောင်ရွက်သွားမယ်လို့ အုပ်ချုပ်ရေးမှူး ဟောင်က ပြောပါတယ်။
ဒါပေမဲ့ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်ကို မြှင့်တင်ဖို့ အစိုးရရဲ့ ရည်မှန်းချက် အတွက် အထောက်အကူ ဖြစ်စေမယ့် အစီအစဉ်တွေ ရှိရမယ်လို့ သူက ပြောပါတယ်။

မိမိတို့ အနေနဲ့ ရေလုပ်ငန်း နယ်ပယ်နဲ့ ဝင်ငွေ နည်းပါးသူတွေအတွက် အိမ်ရာ ဖော်ဆောင်ရေး စီမံကိန်းတွေအတွက် ဦးစားပေး ချေးငွေ အစီအစဉ်တွေကိုလည်း အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဟောင်က ဆိုပါတယ်။
စီးပွားရေး ဖွံ့ဖြိုးမှုဟာ ဘဏ္ဍာငွေ အားကောင်းကောင်းနဲ့ ဖွံ့ဖြိုးမှု အပေါ် အများကြီး မူတည်နေပေမယ့် အလုံးစုံ ထုတ်ချေးငွေ ပမာဏ များလွန်းနေပြီ အသားတင် ပြည်တွင်း ထုတ်ကုန် တန်ဖိုးရဲ့ ၁၂၀ ရာခိုင်နှုန်း အထိ ရောက်ရှိနေပြီလို့ အုပ်ချုပ်ရေးမှူး ဟောင်က ပြောပါတယ်။
ဖြေလျှော့ရေး အစီအစဉ်တွေ အပေါ် ဆက်လက် မှီခိုနေတာက အန္တရာယ်များတဲ့အပြင် လုပ်ငန်းတွေ အနေနဲ့ လုပ်ငန်းစုတွေက တဆင့် ပြီးတော့ စတော့ရှယ်ယာ ဈေးကွက်က တဆင့် ရန်ပုံငွေ ရှာဖွေ ရေး တွန်းအား ပေးသွားဖို့ လိုအပ်နေတဲ့အကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။
Ref:Reuters

