September 9, 2024

စစ်အာဏာသိမ်း (၁၃၁၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၃၀) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၀ AAPP ရဲ့ စက်တင်ဘာ ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၁၇) ရက်အတွင်း ပြည်သူ (၅၆၃၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၃၄၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၈၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ရွှေနဲ့ ဒေါ်လာဈေး ဆက်တိုက်ကျဆင်းလာ

မော်လမြိုင် ၊ စက်တင်ဘာ ၁၀ အာဏာသိမ်းကာလအတွင်း သမိုင်းတလျှောက် မကြုံဖူးတဲ့ စံချိန်တင်ဈေးနှုန်းတွေအထိ ရောက်ရှိခဲ့တဲ့ ပြည်တွင်းဒေါ်လာနဲ့ရွှေဈေးဟာ စက်တင်ဘာပထမအပတ်ကစပြီး ဆက်တိုက်ကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်ဒုတိယအပတ်က တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာ အခုအခါမှာတော့ တစ်ဒေါ်လာကို ကျပ် ၅၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းကျဆင်းလာတာပါ။ ပြည်တွင်းမီးလင်းအခေါက်ရွှေကလည်း တစ်ကျပ်သားကို ကျပ် သိန်း…

စစ်တပ်ကို အမြန်ဆုံးအရေးယူပေးဖို့ တအာင်းနဲ့ ကရင်နီတို့ တောင်းဆို

နောင်ချို ၊ စက်တင်ဘာ ၁၀ စစ်တပ်ကနေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ဥပဒေအရ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ အမြန်ဆုံးအကောင်အထည်ဖော်ဖို့ တအာင်းနဲ့ကရင်နီတို့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက နိုင်ငံ တကာကို တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့ပြည်သူတွေ သေဆုံးမှုအပေါ် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC နဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တို့က သဘောထားထုတ်ပြန်ခဲ့တာပါ။…

ဘီးလင်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိ

ဘီးလင်း၊ စက်တင်ဘာ ၁၀ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စက်တင်ဘာ ၉ ရက်နေ့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေအ ပါအဝင် စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က စစ်ကောင်စီရဲ့ တံတားစစ်ဆေးရေးဂိတ်ကို…

ကရင်ပြည်နယ် ကတိုင်တိဒေသမှာ စစ်ကောင်စီနဲ့ BGF ဘက်က တပ်အင်အားတိုးချဲ့လာ

ဖာပွန်၊ စက်တင်ဘာ ၁၀ ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကတိုင်တိဒေသထဲကို စစ်ကောင်စီတပ်နဲ့ BGF တပ်တွေက စက်တင် ဘာလဆန်းပိုင်းကစပြီး တပ်အင်အားတိုးချဲ့ကာ စစ်ရေးလှုပ်ရှားတာတွေ ဝင်ရောက်လုပ်ဆောင်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ BGF အင်အား ၁၀၀ ကျော်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅…

ပလမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် တစ်ဦး PDF ထံ အလင်းဝင်

ပုလော၊ စက်တင်ဘာ ၉ တနင်္သာရီတိုင်း ပလမြို့အနီးမှာ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းဆင်း တပ်သားသစ် တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ အလင်းဝင်လာတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့မှာ ပလမြို့အနီး စစ်ကောင်စီတပ်တွေနဲ့တော်လှန်ရေးပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေစဉ် အဲဒီတပ်သားဟာ စစ်ဘေးရှောင်တွေနဲ့အတူလိုက်ပါလာပြီး အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။…

ညွှန့်ပေါင်းတပ်ဖွဲ့ဝင်တွေ အသုတ်လိုက် ထွက်ခွာရေး အီရတ်နဲ့ အမေရိကန် သဘောတူ

ဘဂ္ဂဒက် စက်တင်ဘာ ၉ အမေရိကန် ဦးဆောင်တဲ့ ဂျီဟတ်ဝါဒီ တိုက်ဖျက်ရေး ညွှန်ပေါင်းတပ်ဖွဲ့ဝင်တွေ အသုတ်လိုက် ဆုတ်ခွာရေးအတွက် အီရတ်နဲ့ အမေရိကန် သဘောတူညီလိုက်ပြီ ဖြစ်ပေမယ့် အပြီးသတ် သဘောတူညီမှု လက်မှတ် မရေးထိုးရသေးဘူးလို့ အီရတ် ကာကွယ်ရေးဝန်ကြီးက စက်တင်ဘာ ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ အစွမ်းရောက် အစ္စလာမ္မစ် အိုင်အက်စ်အဖွဲ့ ချေမှုန်းရေး နိုင်ငံတကာ ညွှန့်ပေါင်းအဖွဲ့ရဲ့…

ဗီယက်နမ်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၂၁ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရ

ဟနွိုင်း၊ စက်တင်ဘာ ၉ အခုနှစ် အာရှတိုက်ရဲ့ အားအပြင်းဆုံး မုန်တိုင်းဖြစ်တဲ့ စူပါတိုင်ဖွန်း ယာဂီကြောင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှာ လူ ၂၁ ဦး သေဆုံးခဲ့ပြီး ၂၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။ အဲဒီမုန်တိုင်းဟာ အပူပိုင်း လေဖိအားနည်းရပ်ဝန်း တစ်ခုအဖြစ် အားပျော့သွားခဲ့ပေမယ့် အနောက်ဖက် စူးစူးသို့ ရွေ့လျားနေချိန်မှာ နောက်ထပ် ရေကြီးရေလျှံမှုတွေ…

ကြာအင်းဆိပ်ကြီးမှာ ဗုံးကြဲခံရလို့ ကလေးအပါအဝင် အရပ်သား နှစ်ဦး ဒဏ်ရာရ

ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၉ တိုက်ပွဲမရှိဘဲ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျုံခဝန်ကျေးရွာထဲ စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကနေ သိရပါတယ်။ KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ဝင်းရေးမြို့နယ် ကျုံခဝန်ကျေးရွာထဲကို စက်တင်ဘာ ၉ ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ…