ဖာပွန်တိုက်ပွဲမှာ PDF အထူးကွန်မန်ဒိုတစ်ဦး ကျဆုံး

0
20

ဖာပွန်၊ဧပြီ ၂၇

ကရင်ပြည်နယ်၊ဖာပွန်တိုက်ပွဲတွေမှာ PDF အထူးကွန်မန်ဒိုတပ်ရင်း P29914 မှအထူးကွန်မန်ဒို တစ်ဦး ကျဆုံးခဲ့တယ်လို့ ရိုးမစစ်ကြောင်း – ၂  က ဒီနေ့ ဧပြီလ ၂၇ ရက်စွဲနဲ့ သတင်းထုတ်ပြန် ထားပါတယ်။

ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ ၄၃၄ အထိုင်စခန်းသိမ်းတိုက်ပွဲမှာ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ – ၂ စစ်ကြောင်းမှ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့အတူ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ တာပါ။ 

စခန်းသိမ်းတိုက်ပွဲမှာ PDF အထူးကွန်မန်ဒိုတပ်ရင်းက ၁၄ ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး တစ်ဦး ကျဆုံးခဲ့ရတာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၂ ရဲ့ တာဝန်ပေးချက်နဲ့ စစ်ရေးလုံခြုံမှုအခြေအနေ အရ ဖာပွန်မြို့နဲ့ စစ်ကောင်စီရဲစခန်းအပါအဝင် တခြားတပ်စခန်းတွေကိုလည်း ၁ လနီးပါး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် သတင်းထုတ်ပြန်တာမလုပ်ခဲ့ဘူးလို့ ဆိုထားပါတယ်။

အထူးကွန်မန်ဒိုတပ်ရင်း P29914 ဟာ NUG အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်း စစ်ဒေသခွဲရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်းဖြစ်တယ်လို့ သိရပါတယ်။ 

အာဏာရှင်စနစ် ချုပ်ငြိမ်းသွားတဲ့အတွက် မဟာမိတ်တွေနဲ့ပူးပေါင်းလက်တွဲပြီး စစ်ရေးအရ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်သလို တပ်ပေါင်းစုနဲ့ အောင်ပွဲခံနိုင်မယ်လို့ ယုံကြည်ကြောင်း လည်း အထူးကွန်မန်ဒိုတပ်ရင်းက ကတိပြုထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ရိုးမစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.