September 9, 2022

မီဒီယာစိန်ခေါ်မှုများ ဆိုတဲ့ပွဲမှာ စစ်ကောင်စီသတင်းမီဒီယာကောင်စီကို တက်ရောက်ခွင့်ပေးခဲ့တဲ့အတွက်လွတ်လပ်သော မီဒီယာအဖွဲ့(၃၃)ဖွဲ့က ကန့်ကွက်

မော်လမြိုင် – စက်တင်ဘာ(၉) အရှေ့တီမောနိုင်ငံမှာ ကျင်းပခဲ့တဲ့ “The Dili Dialogue Forum 2022” မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ကိုယ်စားပြုတက်ရောက်ခွင့်ပေးခဲ့တဲ့အတွက် လွတ်လပ်သောသတင်းမီဒီယာအဖွဲ့(၃၃)ဖွဲ့က ကန့်ကွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၅)ရက်နဲ့ (၂၆) ရက်နေ့တွေက အရှေ့တီမောနိုင်ငံမှာ မီဒီယာစိန်ခေါ်မှုများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ပွဲမှာ စစ်တပ်လက်ကိုင်တုတ် ဦးစိုးသိန်းရဲ့သားဖြစ်သူဟာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်အဖြစ် တက်ရောက်စာတမ်းဖတ်ကြားခဲ့တာပါ။…

ဗိုလ်ကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို လက်နက်ခဲယမ်း‌တွေနဲ့အတူ ဖမ်းဆီးရမိ

မြဝတီ ၊ စက်တင်ဘာ ၉ ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေကားလမ်းမအတိုင်း ကျူးကျော်လာတဲ့ စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂)တပ်ရင်းက ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို စက်တင်ဘာ ၉ ရက်နေ့မနက် ၁၀…

ရေးမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းကား မိုင်းဆွဲခံရတာကြောင့် အသင်းဝင် တစ်ဦး ပြင်းထန် ဒဏ်ရာရ

ရေး၊ စက်တင်ဘာ (၉) မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အောင်မင်္ဂလာနာရေးကူညီနဲ့ လူမှုကယ်ဆယ်ရေးအသင်း ကားတစ်စီးဟာ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၂ ခွဲနာရီအချိန်လောက်မှာ မိုင်းဆွဲခံရတာကြောင့် အသင်းဝင် ယာဉ်မောင်း ဖြစ်သူ ကိုနေလင်ဦးမှာ ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ အသင်းတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီအသင်းရဲ့ လူနာတင်ကားဟာ မော်လမြိုင်မြို့သို့ လူနာပို့ပြီးအပြန် သံဖြူဇရပ်မြို့နယ်၊ပိန္နဲတောကျေးရွာအနီးမှာ မိုင်းဆွဲခံရတာကြောင့်…

ထိုင်းဝန်ကြီးချုပ် ရာထူးဆိုင်းငံ့ရေးအမှုအတွက် တရားရုံးမှ သက်သေများထပ်တောင်း

ဘန်ကောက်၊ စက်တင်ဘာ ၈ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆိုင်းငံ့ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ရာထူးသက်တမ်းကို ရပ်စဲရန် စဉ်းစားနေချိန်မှာ သက်သေအထောက်အထားတွေ ထပ်မံတင်သွင်းဖို့ ယနေ့ စက်တင်ဘာ ၈ရက်နေ့က တောင်းခံလိုက်ပါတယ်။ ၂၀၁၄ခုနှစ်က အာဏာသိမ်းမှုကနေတဆင့် အာဏာရလာတဲ့ စစ်တပ်အကြီးအကဲဟောင်းကို တရားရုံးက ပြီးခဲ့တဲ့ သြဂုတ်လ မှာ ရာထူးကနေ ရပ်ဆိုင်းခဲ့ပါတယ်။ ရှစ်နှစ်သက်တမ်းကုန်ဆုံးပြီး ရာထူးမှနုတ်ထွက်ရမယ်လို့ ငြင်းခုံနေကြတဲ့…

မြောက်ကိုရီးယားရဲ့ နျူခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့ ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီယားတို့ လုံခြုံရေးပူးပေါင်းမှု တိုးမြှင့်

တိုကျို၊ စက်တင်ဘာ(၉) မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုပုံစံနဲ့ ခြိမ်းခြောက်ရန်စမှုကို ပြန်လည်တုန့်ပြန်ဖို့အတွက် ဂျပန်၊တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ပိုမိုခိုင် မာတဲ့ နျူကလီးယားနဲ့ပတ်သက်တဲ့ ဆက်ဆံရေးကိုထူထောင်မယ်လို့ သဘောတူညီခဲ့ကြပါတယ်။ ယခုနှစ်အတွင်း မြောက်ကိုရီယားဟာ ပုံမှန်မဟုတ်တဲ့ ဒုံးကျည်ပစ်လွှတ်မှု တော်တော်များများကို ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ တော့ ပြုံးယမ်းဟာ ရုရှားထံ လက်နက်များကို ရောင်းချနိုင်တယ်လို့ အမေရိကန်က သတိပေးခဲ့ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ၂၀၁၇ခုနှစ်နောက်ပိုင်းကစပြီး ပထမဆုံးနျူကလီးယားစမ်းသပ်မှုတွေ ပြုလုပ်တော့မယ်…

မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ကို ပစ်ခတ်တာနဲ့ပတ်သက်ပြီး ရပ်တန့်ခိုင်းထားသလို ဥပဒေနဲ့ မညီဘူးလို့ ပြော

ဒါကာ – စက်တင်ဘာ(၉) မြန်မာဘက်က မော်တာကျည်(၂) ကြိမ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ဒါကာမှာရှိတဲ့ မြန်မာသံအမတ်ကို ဆင့်ခေါ်သတိပေးမှုတွေလုပ်ပြီး ငါးရက်အကြာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၃) ရက်နေ့က ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို မော်တာကျည်(၂) ကြိမ်ထက်မနည်း ထပ်မံပစ်ခတ်ခဲ့တာဟာ နိုင်ငံတကာဥပဒေနဲ့ မညီဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။ ဘန်ဒါဘင်တောင်ကုန်းဒေသက စုံစမ်းစစ်ဆေးရေးစင်တာရဲ့ အဆိုအရ အနည်းဆုံးတိုက် လေယာဉ်နှစ်စင်းဟာ ဘင်္ဂလားဒေရှေ့်နယ်စပ်ကို ဖြတ်ကျော်ပျံသန်းကာ ကျည်(၃၀)…

တော်လှန်ရေးအတွက်အချိန်တိုင်းတန်ဖိုးထားအလုပ်လုပ်ဖို့ NUG ဝန်ကြီးချုပ်ပြော

မော်လမြိုင် – စက်တင်ဘာ(၉) နွေဦးတော်လှန်ရေးဟာ အချိန်တိုင်းအရေးကြီးတာကြောင့် အချိန်တိုင်းကို တန်ဖိုးထားပြီး အလုပ်လုပ် ကြဖို့လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီ အစည်းအဝေးအမှတ်စဉ်(၂၈/၂၀၂၂) မှာ အခုလိုပြောခဲ့တာပါ။ “တော်လှန်ရေးဟာ အချိန်တိုင်းအရေးကြီးတာကြောင့် အချိန်တိုင်းကို တန်ဖိုးထားပြီး အလုပ်လုပ်ကြ ရန်လိုအပ် တယ်၊ ကော်မတီရဲ့ တစ်နှစ်ပြည့်အစီရင်ခံစာကို…

စစ်ကောင်စီက ဒေါ်လာသန်း ၂၀၀ အမှန်တကယ် မထောက်ပံ့လို့ စက်သုံးဆီဈေးနှုန်း မကျတာလို့ သုံးသပ်တာတွေ ရှိနေ

မော်လမြိုင်၊ စက်တင်ဘာ (၉) ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ဆက်တိုက် ကျဆင်းနေပေမယ့် အာဏာသိမ်း စစ်ကောင်စီက ဒေါ်လာသန်း ၂၀၀ အမှန်တကယ် ထောက်ပံ့တာ မရှိတဲ့အတွက်ကြောင့် စက်သုံးဆီဈေးနှုန်း မကျတာလို့ စက်သုံးဆီတင်သွင်းရောင်းချသူတွေနဲ့ လုပ်ငန်းရှင်တွေက သုံးသပ်တာပါ။ စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှ တဆင့် အမေရိကန် ဒေါ်လာသန်း(၂၀၀)ကျော် ထောက်ပံ့ ပေးသွားမယ်လို့ ပြီးခဲ့တဲ့…

လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ရေးခရိုင်တရားရုံး ဗုံးခွဲခံရ

ရေး၊ စက်တင်ဘာ ၉ မွန်ပြည်နယ်၊ ရေးမြို့မှာ စစ်ကောင်စီဘက်က လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ရေးခရိုင်တရားရုံးဟာ စက်တင်ဘာ ၈ ရက်နေ့ ည ၇ နာရီလောက်မှာ ဗုံးခွဲခံရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးခရိုင်တရားရုံးကို အမည်မသိ လူငယ် ၂ ဦးက ဆိုင်ကယ်နဲ့လာပြီး တရားရုံးထဲကို ဗုံးပစ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် တရားရုံးမှန်တံခါးတွေ…