ဘန်ကောက်၊ စက်တင်ဘာ ၈
ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆိုင်းငံ့ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ရာထူးသက်တမ်းကို ရပ်စဲရန် စဉ်းစားနေချိန်မှာ သက်သေအထောက်အထားတွေ ထပ်မံတင်သွင်းဖို့ ယနေ့ စက်တင်ဘာ ၈ရက်နေ့က တောင်းခံလိုက်ပါတယ်။
၂၀၁၄ခုနှစ်က အာဏာသိမ်းမှုကနေတဆင့် အာဏာရလာတဲ့ စစ်တပ်အကြီးအကဲဟောင်းကို တရားရုံးက ပြီးခဲ့တဲ့ သြဂုတ်လ မှာ ရာထူးကနေ ရပ်ဆိုင်းခဲ့ပါတယ်။ ရှစ်နှစ်သက်တမ်းကုန်ဆုံးပြီး ရာထူးမှနုတ်ထွက်ရမယ်လို့ ငြင်းခုံနေကြတဲ့ အတိုက်အခံပါတီ တွေရဲ့ တင်သွင်းတဲ့ အချက်အလက်တွေကိုလည်း စ္စကို ရုံးတော်အနေနဲ့ ချိန်ဆနေရတာပါ။
ထိုင်းနိုင်ငံရဲ့ ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်ရာထူးကို ရှစ်နှစ်ထက်ပိုပြီး ထမ်းဆောင်ခွင့်မရှိသော်လည်း ပရာယွတ်ရဲ့ သက်တမ်းစတင်ချိန်နှင့် နှိုင်းယှဉ်ပါက အငြင်းပွားစရာတွေ ဖြစ်လာနေပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းရဲ့ ဥပဒေရေးရာအဖွဲ့ဟာ သူ့ရဲ့ ဝန်ကြီးချုပ်ရာထူးကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ခဲ့တာ မဟုတ်ကြောင်း ငြင်းဆိုထားခဲ့ပါတယ်။
အငြိမ်းစားဗိုလ်ချုပ်ကို ထောက်ခံသူများက လက်ရှိ ပဋိညာဉ်စာချုပ် စတင်တဲ့အချိန်ဟာ ဝန်ကြီးချုပ် စတင်တာဝန်ထမ်းဆောင် ချိန်ကစတဲ့ ရက်စွဲကနေစတင်တယ်လို့ ပြောနေသလို၊ ၂၀၁၉ ခုနှစ် ရွေးကောက်ခံအစိုးရတစ်ခုရဲ့ အကြီးအကဲဖြစ်လာ တဲ့အချိန်မှ စသင့်တယ်လို့လည်း ငြင်းခုန်နေကြပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့ တရားဝင် အဖွဲ့ထံကနေ သတင်း အချက်အလက် နှင့် အစီရင်ခံစာများ ပိုမို လိုအပ်တယ်လို့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဒုတိယ ဝန်ကြီးချုပ် ပရဝစ် ဝန်ဆူဝန်က အိမ်စောင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ပရာယွတ်ကတော့ ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ဆဲဖြစ်ပါတယ်။
ပရာယွတ်ဟာ ယင်လပ်ရှင်နာဝပ်ထရာရဲ့ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီးတွင် ဝန်ကြီးချုပ်ဖြစ်လာသည်အထိ စစ်အစိုးရကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
အကယ်၍များ တရားရုံးက သဘောတူပါက ပရာယွတ်ဟာ မတ်လမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ထပ်မံ အနိုင်ရပါက နည်းဥပဒေအရ ၂၀၂၅ သို့မဟုတ် ၂၀၂၇ ခုနှစ်အထိ ဆက်လက်တာဝန်ထမ်းဆောင်နိုင်မှာပါ။ ဒါပေမယ့် ပရာရွတ်ရဲ့ ဝန်ကြီးချုပ်သက်တမ်းအတွင်းမှာ နိုင်ငံရဲ့ စီးပွားရေးအဆိုးဆုံးဖြစ်ခဲ့တယ်လို့လည်း ဝေဖန်သူတွေက ဆိုခဲ့ပါတယ်။
၂၀၂၀ခုနှစ်အတွင်း ဘန်ကောက်မြို့က ကျောင်းသားတွေဦးဆောင်တဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေအားလုံးရဲ့ အဓိက တောင်းဆိုချက်ကတော့ ပရာယွတ်ရာထူးမှနှုတ်ထွက်ပေးရေးပဲ ဖြစ်ခဲ့ပါတယ်။ တရားရုံးရဲ့ နောက်ထပ်ကြားနာမှုကိုတော့ စက် တင်ဘာ ၁၄ရက်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref: The Straits Time

