March 2021

စားသောက်ကုန်ပစ္စည်းတွေ အရောင်းအဝယ် အေးနေ

မော်လမြိုင် ၊ မတ် (၁၂) မွန်ပြည်နယ်အတွင်းစျေးကွက်မှာတော့ စားသောက်ကုန်တွေ အရောင်းအဝယ်အေးနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလအစောပိုင်းမှာတော့ စားသောက်ကုန်တွေကို ပြည်သူတွေက အလုအယက် ဝယ်ယူခဲ့ကြလို့ စျေးကွက်မှာ ကုန်ပစ္စည်းတွေ ပြတ်လပ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ဆန်ဆိုင်တွေမှာ အရောင်းအဝယ်အေးနေပြီး ယခုရက်ပိုင်းအတွင်း ဝယ်သူက မရှိသလောက် ဖြစ်နေတယ်လို့ ဆန်ရောင်းသူတွေက ပြောပါတယ်။ “ယောက်ယက်ခတ်ပြီးတော့ လူတွေစိတ်ပူပြီးတော့ ဝယ်လိုက်ကြတဲ့…

အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှု မလုပ်နိုင်အောင် ဖိနှိပ်

မော်လမြိုင် ၊ မတ် (၁၁) မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို မလုပ်နိုင်အောင် ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ဖိနှိပ်နေပါတယ်။ မွန်ပြည်နယ် (၁၀)မြို့နယ်လုံးမှာ စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ မလုပ်နိုင်အောင် တားဆီး စစ်ဆေးတာတွေကို လုပ်ဆောင်နေသလို ဆန္ဒပြစစ်ကြောင်းတွေကိုလည်း အကြမ်းဖက်ဖြိုခွင်းတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဆန္ဒပြစစ်ကြောင်းတွေကို ဖြိုခွင်းရာမှာ ရာဘာကြည် ၊ မျက်ရည်ယိုဗုံး ၊…

သီရိမင်္ဂလာအိမ်ရာ ရဲအင်အား အမြောက်အများ ဝင်ရောက်ရှာဖွေ ၊ ဖမ်းခံရသူ မရှိ

မော်လမြိုင် ၊ မတ် (၁၁) မတ်လ (၁၀)ရက်နေ့ ညပိုင်းမှာ မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက်က အိမ်ရာကို ရဲတပ်ဖွဲ့ အမြောက်အများက ဝင်ရောက် ရှာဖွေခဲ့ပြီး ဖမ်းဆီးခံရသူတော့ မရှိခဲ့ဘူးလို့ ရပ်ကွက်အတွင်းနေထိုင်သူတွေက ပြောပါတယ်။ အိမ်ရာဝင်းအတွင်းမှာ တိုက်ခန်း အများအပြား ရှိတဲ့အနက် တိုက် (k) , (j) ,(l) တို့ကိုသာ ဧည့်စာရင်းစစ်တယ်ဆိုပြီး ဝင်ရောက်…

ဝန်ကြီးချုပ်အပါအဝင် ဖမ်းဆီးခံထားရသူတွေကို အဆက်အသွယ်မရလို့ မိသားစုဝင်တွေ စိုးရိမ်

မော်လမြိုင် ၊ မတ် (၁၀) မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် ဖမ်းဆီးခံ NLD ကိုယ်စားလှယ်တွေကို အခုချိန်ထိ အဆက်အသွယ်မရလို့ စိုးရိမ်နေရတယ်လို့ မိသားစုဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ၊ NLD ပါတီ သထုံမြို့နယ် ကိုယ်စားလှယ် ဒေါ်မာမာခိုင်နှင့် ၎င်းရဲ့ အမျိုးသားတို့ကို တပ်က ဖမ်းဆီးထားတာ…

စပါးစျေး ကျပ်(၂)သိန်းကျော် မြင့်တက်

မော်လမြိုင် ၊ မတ် (၉) စစ်တပ်အာဏာသိမ်းပြီး တစ်လအကြာမှာတော့ မွန်ပြည်နယ်အတွင်းမှာ စပါးတင်းတစ်ရာကို ကျပ်(၂)သိန်းကျော်အထိ စျေးနှုန်းမြင့်တက်ခဲ့ပါတယ်။ ယခင်က ပေါ်ဆန်းမွှေး တင်းတစ်ရာကို ကျပ်(၉)သိန်းကျော်သာ စျေးရရှိခဲ့ပေမယ့် လက်ရှိမှာတော့ (၁၁)သိန်းကျော်အထိ စျေးရနေတယ်လို့ စပါးကုန်သည်တွေက ပြောပါတယ်။ ဒေသထွက် ဆန်မာအုပ်စုတွေလည်း စျေးလိုက်တက်ခဲ့ပေမယ့် ပေါ်ဆန်းမွှေးလောက်တော့ စျေးမရဘူးလို့ မွန်ပြည်နယ် ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးတင်မြင့်ဦးက ဆိုပါတယ်။…

အဆင့်မြင့်ရာဘာ(RSS-1) တစ်ပေါင်ကို ကျပ် ၉၈၀ အထိ စျေးမြင့်တက်

မော်လမြိုင်၊ မတ် (၉) ကမ္ဘာ့စျေးကွက်မှာ ရာဘာစျေး မြင့်တက်လာတာနဲ့အတူ ပြည်တွင်းစျေးကွက်မှာလည်း ရာဘာစျေးဟာ အနည်းငယ် မြင့်တက်ခဲ့ပါတယ်။ ယခင်က အဆင်မြင့်ရာဘာ ပေါက်စျေး တစ်ပေါင်ကို ကျပ် (၇၅၀) ရှိရာကနေ လက်ရှိမှာတော့ ကျပ် (၁၀၀၀)နီးပါးအထိ စျေးနှုန်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိပြည်တွင်းစျေးကွက်မှာ အဆင့်မြင့်ရာဘာ(RSS -1) တစ်ပေါင်ကို ကျပ် ၉၅၀ ကနေ…

စစ်ကောင်စီကခန့်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို အများပြည်သူ လက်မခံ

မော်လမြိုင် ၊ မတ် (၉) မော်လမြိုင်မြို့နယ်အတွင်းက အချို့ရပ်ကွက်တွေမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကန့်ကွက်ကြောင်း ရပ်ကွက်နေပြည်သူတွေက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မြိုင်သာယာရပ်ကွက် ၊ သီရိမြိုင်ရပ်ကွက်နဲ့ မြေနီကုန်းရပ်ကွက်နေ ပြည်သူတွေက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ကန့်ကွက်ရာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေကို ပိတ်ထားတာတွေ ၊ ရပ်ကွက်နေပြည်သူတွေက ကိုယ်ပိုင်အုပ်ချုပ်မယ်ဆိုပြီး ကြေညာတာတွေကို လုပ်ဆောင်ခဲ့တာကြတာပါ။ အာဏာသိမ်း…

ဘဏ်ဝန်ဆောင်မှုတွေ ရပ်နားထားလို့ ပြည်တွင်း ပဲစျေးကွက် အထိနာ

မော်လမြိုင် ၊ မတ် (၆) စစ်တပ် အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်နားထားလို့ ပြည်တွင်း ပဲစျေးကွက်အပေါ် ထိခိုက်မှု အတော်လေး ပြင်းထန်ခဲ့ပါတယ်။ လုပ်ငန်းရှင်တွေဟာ ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေတွေကို ထုတ်ယူလို့ မရတာကြောင့် လုပ်ငန်းအပေါ် ရင်းနှီးငွေတွေ မထည့်နိုင် ဖြစ်နေတာပါ။ ဒါ့အပြင် အရောင်းအဝယ် ပြုလုပ်ရာမှာ ငွေလွှဲငွေချေပေးဖို့ ဘဏ်ဝန်ဆောင်မှုတွေ မရှိသလို…

ကုန်စည်စီးဆင်းမှု ရပ်တန့်လို့ စားသုံးဆီစျေး မြင့်တက်

မော်လမြိုင် ၊ မတ် (၆) တပ်က အာဏာသိမ်းပြီးနောက် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်ခဲ့လို့ ပြည်တွင်းစျေးကွက်မှာ စားသုံဆီစျေးဟာ ဆက်တိုက် မြင့်တက်လာပါတယ်။ အာဏာသိမ်း စစ်ကောင်စီအပေါ် ဆန္ဒဖော်ထုတ်မှုတွေနဲ့ တန်းပြန် အကြမ်းဖက် ဖြိုခွင်းခံရမှုတွေဟာ မြန်မာနိုင်ငံအတွင်းက ဒေသအနှံ့အပြားမှာ ဖြစ်ပွားနေပါတယ်။ အခုလို အခြေအနေတွေကြောင့် ပြည်ပကုန်စည်တွေ ဝင်ရောက်မှုကလည်း ရပ်တန့်ခဲ့ပြီး ပြည်တွင်းက ကုန်သည်ကြီးတွေကလည်း ပစ္စည်းတွေ ထုတ်မရောင်းဘဲ…

အာဏာသိမ်းပြီး တစ်လအကြာ ပြည်ပတင်ပို့တဲ့ငါးလုပ်ငန်း ရာနှုန်းပြည့်နီးပါး ရပ်နား

မော်လမြိုင် ၊ မတ် (၅) တပ်က အာဏာသိမ်းပြီး တစ်လအကြာမှာတော့ မွန်ပြည်နယ်ရဲ့ ပြည်ပတင်ပို့တဲ့ ငါးလုပ်ငန်းတွေ ရာနှုန်းပြည့်နီးပါး ရပ်နားလိုက်ရပြီးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ မွန်ပြည်နယ်က ထွက်တဲ့ ငါးတွေကို တရုတ် ၊ မလေးရှား အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို အဓိက တင်ပို့ရောင်းချနေတာပါ။ အခုအခါမှာတော့ ကမ်းဝေးထွက်တဲ့ ငါးလုပ်ငန်းတွေ ရပ်နားထားလို့ ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ရေငန်…