ဝန်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲကို ပေါင်မြို့နယ်က ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပ

0
16752

ပေါင်၊ နိုဝင်ဘာ ၉

ဝန်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲကို ပေါင်မြို့နယ်က ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၉)ရက်နေ့က ပေါင်မြို့မအားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့သည်။<!--more-->



ပုံမှန်အားဖြင့် ဝန်ကြီးချုပ်ဖလားကို မော်လမြိုင်မြို့တွင်သာ ကျင်းပလေ့ရှိပြီး ၂၀၁၁ခုနှစ်မှ စတင်ကာ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အလှည့်ကျအဖြစ် ဆောင်ရွက်လာရာ ယခုနှစ်တွင် ပေါင်မြို့နယ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားသို့  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။

 “အခုလို အလှည့်ကျ ကျင်းပပေးနေတာဆိုရင် ၆ကြိမ် မြောက်ဖြစ်ပါတယ်။ ပြည်နယ်အား/ကာ ကနေ ရံပုံငွေချပေးပြီး ကျင်းပတာပါ။ ပထမဆု၊ ဒုတိယဆု နဲ့တတိယပူးတွဲ ဆုတွေအပြင် နေရာအလိုက်အကောင်းဆုံးကစားသမားဆု ၅ဆု၊ ပွဲစဉ်အလိုက် အကောင်းဆုံးအားကစားသမားဆုတွေပါ ပေးအပ်ချီးမြှင့်သွားမှာပါ“ ဟု မွန်ပြည်နယ် အား/ကာဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှုးဦးခင်ဇော်က သံလွင်တိုင်းမ်သို့ပြောသည်။

ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသားအကအဖွဲ့များက ဖျော်ဖြေခြင်း၊ မြန်မာ့ရိုးရာသိုင်းအဖွဲ့နှင့် ကာယအဖွဲ့များက ဖျော်ဖြေတင်ဆက်ခြင်းများပြုလုပ်ခဲ့ပြီး အခမ်း အနားအတွက် ပါဝင်ကူညီသူများကို ဂုဏ်ပြုငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

 ဖွင့်ပွဲနေ့တွင် ပေါင်မြို့နယ်နှင့် ကျိုက်မရောမြို့နယ်တို့ ယှဉ်ပြိုင်ကြရာ ပေါင်မြို့နယ်က တစ်ဂိုး ကျိုက်မရောမြို့နယ်က ဂိုးမရှိဖြင့် ပေါင်မြို့နယ်က အနိုင်ရရှိခဲ့သည်။

%e1%81%80%e1%80%94%e1%80%b9%e1%82%80%e1%80%80%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%b3%e1%80%95%e1%80%b9%e1%80%96%e1%80%9c%e1%80%ac%e1%80%b8 “အိမ်ရှင်အဖြစ်လုပ်ရတာဆိုတော့ အတွေ့အကြုံရတယ်။ မြို့ခံပြည်သူတွေ ကိုယ့်မြို့မှာပဲ ကိုယ့်မြို့ကအသင်းကို အားပေးခွင့်ရတော့ပိုအဆင်ပြေတယ်။ ဒီလို ပြိုင်ပွဲတွေကို ကြည့်ရတဲ့ မျိုးဆက်သစ်တွေကလည်းဘောလုံးနဲ့ပတ်သက်ပြီး အတွေ့အကြုံကောင်းတွေရတာပေါ့။ အောင်နိုင်ရေးအဖွဲ့ဖွဲ့ပြီး ပေါင်အသင်းကို ပြင်ဆင်ထားတာမို့ ဒီနှစ်ပေါင်မြို့နယ်အသင်းဗိုလ်စွဲမယ်လို့ မှန်းထားပါတယ် “ဟု ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ယခင်နှစ်က ရေးမြို့နယ်တွင် ကျင်းပခဲ့ပြီး နောက်နှစ်တွင် ချောင်းဆုံမြို့နယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.