နည်းပြချုပ် ဝိန်းရွန်းနီ ရာထူးက ထုတ်ပယ်ခံရ

0
57

မော်လမြိုင်၊ ဇန်နဝါရီ ၂

အင်္ဂလန်ချန်ပီယံရှစ်ကလပ်အသင်း ဘာမင်ဂမ်စီးတီးအသင်းဟာ အသင်းရဲ့ နည်းပြချုပ် ဝိန်းရွန်းနီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ အတည်ပြုကြေညာလိုက်ပါတယ်။

အသက် ၃၈ နှစ်အရွယ် မန်ယူအသင်းနဲ့အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီကို ဘာမင်ဂမ်အသင်းက ပြီးခဲ့တဲ့ အောက်တိုဘာလမှာ နည်းပြချုပ်အဖြစ် ခန့်အပ်ပြီး နှစ်လအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။

ဝိန်းရွန်းနီဟာ အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ဘာမင်ဂမ်အသင်းကို နှစ်လအတွင်း ကိုင်တွယ်ရာမှာ အဆင့် ၂၀ အထိ ရောက်ရှိခဲ့တဲ့အတွက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘာမင်ဂမ်အသင်း အမှုဆောင်အရာရှိချုပ် ဂယ်ရီကွတ်ခ်ကတော့ ဝိန်းရွန်းနီနဲ့အတူ အသင်းကို အောင်မြင်အောင် ဆောင်ရွက်ဖို့ ကတိပြုထားခဲ့ပေမယ့် ကံမကောင်းစွာဘဲ ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

ဝိန်းရွန်းနီဟာ ဘာမင်ဂမ်အသင်းနဲ့အတူ ပွဲပေါင်း ၁၅ ပွဲ ကိုင်တွယ်ရာမှာ ၂ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၉ ပွဲရှုံး ရလဒ်ကြောင့် အသင်းနဲ့ လမ်းခွဲလိုက်ရတာ ဖြစ်ပါတယ်။

ဒါဘီကောင်တီအသင်းနဲ့ ဒီစီယူနိုက်တက်အသင်းတို့ကို ကိုင်တွယ်ဖူးတဲ့ ဝိန်းရွန်းနီဟာ နည်းပြဘဝမှာ မှတ်တမ်းကောင်းတချို့ ပိုင်ဆိုင်ဖူးပေမယ့် ဘာမင်ဂမ်အသင်းမှာ အဆိုးဝါးဆုံး စံချိန်တွေနဲ့ ရင်ဆိုင်နေရတာပါ။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- Birmingham City

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.