ဂျော်ဂျီယာအသင်းကို အရှက်တကွဲ ရှုံးနိမ့်မှုကြောင့် ထိုင်အသင်း ပရိသတ်တွေအား ဝန်ချတောင်းပန်

0
593

ဘန်ကောက်၊ အောက်တိုဘာ(၁၅) 

ထိုင်းလက်ရွေးစင်ဘောလုံးအသင်း ဂျော်ဂျီယာအသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့အတွက် ထိုင်းဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာ ၁၃ ရက်နေ့မှာ ပရိသတ်တွေကို ဝန်ချတောင်းပန်ခဲ့ပြီး နောက်ထပ် ကြီးကြီးမားမား ရှုံးနိမ့်မှု ထပ်မဖြစ်စေရဘူးလို့လည်း ကတိပေးခဲ့ပါတယ်။ 

ထိုင်းလက်ရွေးစင်ဘောလုံးအသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ဂျော်ဂျီယာအသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ခြေစမ်းပွဲမှာ ၈ ဂိုး ဂိုးမရှိ အရှက်တကွဲ ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။

 “War Elephants” လို့ ဘောလုံးလောကမှာ လူသိများတဲ့ ထိုင်းဘောလုံးအသင်းအတွက် အခုရှုံးနိမ့်မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကတော့ ၁၉၅၆ ခုနှစ်က ကျင်းပခဲ့တဲ့ အိုလံပစ်ဘောလုံးပွဲပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့ တွေ့ဆုံချိန်မှာ ၉ ဂိုး ဂိုးမရှိရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ 

အခုတဖန်ရှုံးနိမ်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ပရိတ်သတ်တွေက ထိုင်းဘောလုံးအသင်းဟာ တိုးတက်မှုမတွေ့ခဲ့တဲ့ အကြောင်း၊ စီမံခန့်ခွဲမှု အလွဲအမှားစတဲ့ကိစ္စရပ်တွေအကြောင်း၊ ထိပ်တန်းကစားသမားတွေကို ကစားခွင့် ပိတ်ပင်ခဲ့တဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တာတွေ ရှိခဲ့တာပါ။

ထိုင်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကတော့ ထိုင်းနိုင်ငံဘောလုံးအသင်းရဲ့စီမံခန့်ခွဲမှု အလွဲအမှား တွေနဲ့ပတ်သက်ပြီး ဝေဖန်မှုကို လက်ခံပါကြောင်းနဲ့အချို့သော ဘောလုံး အသင်းတွေဟာ သူတို့ရဲ့ အကောင်းဆုံးကစားသမားတွေကို နိုင်ငံအသင်းမှာ ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့တာ ကြောင့်လည်း ဖြစ်တယ်လို့ ပြောဆိုပါတယ်။ 

“အသင်းကို ၁၆ နှစ်ကျော်ကြာ စီမံခန့်ခွဲတဲ့ကာလအတွင်းမှာ ဒီနေ့ကဝမ်းအနည်းဆုံးနေ့ပါပဲ။ နိုင်ငံတဝှမ်းက ဘောလုံးပရိသတ်တွေလိုပဲ ကျွန်မတို့အသင်းရှုံးနိမ့်တာကို ကျွန်မလည်း နာကျင်စွာ ကြည့်နေခဲ့ရတာပါ”လို့ ပြောကြားခဲ့ပါတယ်။ 

အားလုံးရဲ့ ဝေဖန်ချက်တွေအကုန်လုံးကို သင်ခန်းစာအဖြစ် ရယူသွားမှာဖြစ်သလို ထိုင်းအသင်း ဟာ နောက် ထပ်ဒီလိုရှုံးနိမ့်မှုမျိုးမဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ဥရောပဘောလုံးအသင်းတွေနဲ့ ယှဉ်ပြိုင်ရတာဟာ ထိုင်းအသင်းရဲ့ကဏ္ဍစုံမှာ မြှင့်တင်ဖို့ အတွေ့အ ကြုံကောင်းတစ်ရပ်ရခဲ့တာဖြစ်သလို နိုင်ငံကိုယ်စားပြုအသင်းကို ပိုမိုအားကောင်း အောင်ပြင်ဆင်ဖို့ သူမအနေနဲ့ စွမ်းဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

လက်ရွေးစင်အသင်းနည်းပြ မာနိုပိုကင်းကတော့ အသင်းအနေနဲ့ ပိုမိုကောင်းမွန်သောရလဒ်ရရှိဖို့ မျှော်မှန်းခဲ့ပေမယ့်လည်း စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံဘောလုံးအသင်းနည်းပြရဲ့ ပြောဆိုချက်မှာတော့ ဒီလိုရလဒ်ထွက်ပေါ်လာခဲ့ပေမယ့် သူအနေနဲ့ ကစား သမားတွေကိုဝေဖန်မှု မပြုလုပ်ခဲ့သလို စိတ်နှလုံးထဲကနေ အကြွင်းမဲ့ကြိုးစား မှုကို အသိအမှတ်ပြုပါတယ်လို့ ပါရှိပါတယ်။ 

Ref – The Nation Thailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.