လာမယ့်အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲ ရုပ်သံထုတ်လွှင့်ရေးကိစ္စ ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား စတင်ဆွေးနွေး

0
4928

ဘန်ကောက်၊ မတ်(၁၆)

ထိုင်းနဲ့ ကမ္ဘောဒီယားနှစ်နိုင်ငံအကြားမှာ လာမယ့်အရှေ့တောင်အာရှဆီးဂိမ်း ပြိုင်ပွဲ ရုပ်သံထုတ်လွှင့် ရေးရ ပိုင်ခွင့်တွေအကြောင်း ဆွေးနွေးမှုတွေစတင်ခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက် အကျိုးရှိမယ့် အပေးအယူကို နှစ် ဖက်စလုံးမှ လုပ်နိုင်မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆီးဂိမ်းအဖွဲ့ချုပ်ကောင်စီ ဒုတိယဥက္ကဌ ချိုင်ပက်ဆီရီဝတ်ဟာ ထိုင်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဖနွမ် ပင်မှာ ထိုင်းအားကစားအာဏာပိုင် ကိုယ်စားလှယ်တွေနဲ့ အတူ အဲဒီကိစ္စကို ဆွေးနွေးဖို့ ရောက်ရှိနေတာဖြစ်ပါ တယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားနိုင်ငံဘက်မှ ရုပ်သံထုတ်လွှင့်မှုအတွက် ဘတ် ၂၈ မီလီယမ်တောင်းခံထားချက်ကို လျှော့ချပေးဖို့ တောင်းဆိုထားပြီး အဲဒီပမာဏဟာ များလွန်းတယ်လို့လည်းဖော်ပြထားတာပါ။

ကမ္ဘောဒီးယားဘက်ကလည်း ထိုင်းနိုင်ငံအတွင်းရှိ ဈေးကွက်တန်ဖိုးကို အခြေခံထားတဲ့နှုန်းထားဖြစ်သင့်တယ်လို့ ပြောဆိုထားပါတယ်။

မေလမှာကျင်းပမယ့် ဆီးဂိမ်းအားကစားပွဲတွေကို ထုတ်လွှင့်ပြသမှာဖြစ်ပြီး “Must Have” အမျိုးအစားဖြစ်သင့် တယ်လို့ ထိုင်းဥပဒေပြဌာန်းသူတွေက ယုံကြည်ထားကြတာပါ။

 “Must Have” စနစ်ကတော့ အဲဒီအားကစားပွဲစဉ်တွေကို လူထုကနေအခမဲ့ ကြည့်ရှုခွင့်ရတဲ့စနစ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အားကစားအာဏာပိုင်အနေနဲ့ကတော့ အမျိုးသား ရုပ်သံထုတ်လွှင့်ရေးနဲ့ တယ်လီဆက်သွယ်ရေး ကော်မရှင်ထံကနေ ရန်ပုံငွေရရှိဖို့ တောင်းခံထားတာပါ။

ရုပ်သံထုတ်လွှင့်ရေး မူပိုင်ခွင့် ဝန်ဆောင်ခတွေအပြင် ဒေသတွင်းကစားနည်းတွေကို အားကစားနည်းအဖြစ် ထည့်သွင်းရေးကို ကန့်သတ်ဖို့ ဆီးဂိမ်းကျင်းပရေး ပဋိဉာဉ်ကို ပြင်ဆင်ဖို့ အဖွဲ့ချုပ်အနေနဲ့ သဘောတူညီခဲ့ တယ်လို့  မစ္စတာချိုင်ပက်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဒီလိုကန့်သတ်ရတာဟာ အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ နိုင်ငံအနေနဲ့  သူတို့ရဲ့ ကိုယ်ပိုင်ကစားနည်းတွေကို အမြောက်အများထည့်သွင်းခြင်းမှ ကာကွယ်ထားနိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ 

ပူးပေါင်းပါဝင်တဲ့ နိုင်ငံတွေအတွက် လာမယ့်ဆီးဂိမ်းကို အောင်မြင်စွာကျင်းပနိုင်ရေးကို သေချာစေဖို့ အချို့အရာ တွေကို ကတိကဝက်ပြုရန် ကျန်ရှိနေပေမယ့်လည်း အခုဆွေးနွေးပွဲမှတဆင့် ကောင်းမွန်တဲ့ရလဒ် ရရှိနိုင်ဖို့ ထိုင်း နဲ့ ကမ္ဘောဒီးယားအကြား အပြုသဘောဆောင်ကြမယ်လို့ မစ္စတာ ချိုင်ပက်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Ref-NNT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.