ပါလီမန်ကိုတစ်ခါမှလာရောက်တာမရှိတဲ့ ဂျပန် လွှတ်တော်အမတ်ရာထူးက ထုတ်ပယ်ခံရ

0
5766

တိုကျို – မတ်(၁၆) 

နာမည်ကြီး အတင်းအဖျင်းပြောတဲ့ ယူကျူဘာတစ်ဦးဖြစ်တဲ့ ဂျပန်လွှတ်တော်အမတ် ရိုရှီကာ ဆူဟီဂါရှီတာနီဟာ ပါလီမန်ကို တစ်ခါမှ လာရောက်တာမရှိတဲ့အတွက် ပါလီမန်က ထုတ်ပယ် ခံခဲ့ရတဲ့ ဂျပန်နိုင်ငံရဲ့ ပထမဆုံး လွှတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ (၇) လက သူ့ကို ရွေးကောက်တင်မြှောက်ပြီးနောက်ပိုင်း လွှတ်တော်အစည်းအဝေးတွေ ကို တစ်ရက်မှ တက်ရောက်တာမရှိတာကြောင့် လွှတ်တော် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ က ရာထူးက ထုတ်ပယ်လိုက်တာပါ။ 

YouTube မှာ  “GaaSyy”  လို့ လူသိများကျော်ကြားတဲ့ အတင်းအဖျင်း ရုပ်သံတွေကြောင့် လူသိ များတဲ့ မစ္စတာ ဟီဂါရှီတာကို အထက်လွှတ်တော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လက ပြည်သူတွေက ရွေး ကောက်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။ 

ပါလီမန်က ထုတ်ပယ်ခံရတာဟာ လွှတ်တော်အမတ်တစ်ဦးအနေနဲ့ အပြင်းထန်ဆုံး ခံရတဲ့ ပြစ်ဒဏ် ဖြစ်ပြီး ၁၉၅၀ နောက်ပိုင်းမှာ နှစ်ကြိမ်သာ ဖြစ်ပွားခဲ့ပြီး သူဟာ ဆက်လက် ပျက်ကွက် ခဲ့တာတွေကြောင့် ပါလီမန်က ထုတ်ပယ်ခံရတဲ့ ပထမဆုံး အကြိမ်ထုတ်ပယ်ခံရတာလို့ သိရပါ တယ်။ 

ပေါ်မလာ အမတ်လို့ အမည်ပြောင်ပေးထားတဲ့ မစ္စတာဟီဂါရှီတာ ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ နေထိုင်တယ်လို့ ယူဆထားကြပြီး ထုတ်ပယ်တဲ့ ဆုံးဖြတ်ချက်ကို ဒီ သီတင်းပတ် နှောင်းပိုင်းမှာ လွှတ်တော်က တရားဝင် အတည်ပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 

လိမ်လည်မှုစွပ်စွဲချက်တွေနဲ့ ကျော်ကြားသူတွေအပေါ် အသရေဖျက်မှု စွပ်စွဲချက်တွေကြောင့် ဖမ်းဆီးခံရမှာစိုးရိမ်လို့ ပါလီမန်ကို တက်ရောက်ဖို့ ပျက်ကွက်တာဖြစ်တယ်လို့ ဂျပန် မီဒီယာ တွေက ဖော်ပြထားပါတယ်။ 

ထုတ်ပယ်ခံရတဲ့ အမတ်ဟာ ဆီဂျီကာဂျိုရှီ-၄၈ အတိုက်အခံပါတီရဲ့ ရွေးကောက်ခံကိုယ်စားလှယ် နှစ်ဦးထဲက တစ်ဦးဖြစ်ပြီး အရင်က NHK ပါတီလို့ လူသိများတဲ့ ဂျပန်နိုင်ငံရဲ့ အသံလွှင့်ဌာနကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ တောင်းဆိုတဲ့ ပါတီဖြစ်တဲ့အပြင် အကြောင်းပြချက်မျိုးစုံနဲ့ ပါတီ အမည်ကို ပုံမှန်ပြောင်းလဲလေ့ရှိတဲ့ ပါတီဖြစ်တယ်လို့ ဂျပန်သတင်းစာတစ်ခုက ဆိုပါတယ်။

ပါလီမန်က မစ္စတာ ဟီဂါရှီတနီ ရဲ့ ပျက်ကွက်မှုတွေအတွက် တိုကျိုမှာ လူကိုယ်တိုင် လာရောက် တောင်းပန်ဖို့ ပြောခဲ့ပြီး လွှတ်တော်အမတ်တွေက သူ့အတွက် ပြန်လည်အဖက်ဆယ်ဖို့ နောက်ဆုံး အခွင့်အရေးဖြစ်တယ်လို့ ပြောပေမယ့်လည်း မျက်နှာစုံညီအစည်းအဝေးကို သူဟာ ထပ်မံ ပျက်ကွက်ခဲ့ပါသေးတယ်။ 

သူကတော့ တူရကီနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ သူ့ရဲ့ ယူကျူ့ချန်နယ်မှာ ကြေညာခဲ့ပြီး လစာတွေကိုလည်း တူရကီငလျင်ကယ်ဆယ်ရေးအတွက် လှူဒါန်းဖို့ စီစဉ်ထားတယ်လို့ ပြောပါ တယ်။ 

ရွေးကောက်ခံအမတ်အများစုက မစ္စတာဟီဂါရှီတနီကို ထုတ်ပယ်တာကို တညီတညွတ်တည်း မဲခွဲ ဆုံးဖြတ်ခဲ့ကြပေမယ့် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ပါတီကိုယ်စားလှယ် ဆာတိုရှီကတော့ တရားမဝင် ဘူးလို့ ငြင်းဆိုထားပါတယ်။

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.