လုံခြုံရေးစိုးရိမ်မှုကြောင့် ဆီးရီးယားမှာလုပ်မယ့် အိုလံပစ်အရည်အချင်းစစ်ပြိုင်ပွဲတွေမှာ ထိုင်ဝမ်ပါ ဝင်မှာမဟုတ်

0
1648

 တိုင်ပေ၊ သြဂုတ်(၁၀)

 လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ဆီးရီးယားမှာကျင်းပမယ့် အိုလံပစ်အရည်အချင်းစစ် ပြိုင်ပွဲတွေ မှာ ပါဝင် မှာမဟုတ်ဘူးလို့ ထိုင်ဝမ်ဘတ်စကတ်ဘောအသင်းက ဩဂုတ်လ (၉) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံသို့ ကုန်းလမ်းမှတဆင့် သွားရမှာဖြစ်တာကြောင့် အိမ်ရှင် မြို့တော်ဒမ်မာ ဆတ်ရဲ့ လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကို အသင်းအနေဖြင့် ကျော်လွှားဖို့မဖြစ် နိုင်တဲ့အတွက် ဒီလိုဆုံးဖြတ် လိုက်တာဖြစ်တယ်လို့ အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောကြား ထားတာပါ။ 

“အဖွဲ့သားတွေရဲ့ လုံခြုံရေးကို ဦးစားပေးထားတဲ့အပေါ် အခြေခံပြီး ဒီပြိုင်ပွဲမှာ မပါဝင်ဖို့ ဆုံးဖြတ်ထားပါတယ်” လို့ ကြေညာချက်ထဲမှာ ပါရှိပါတယ်။ 

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ကျွန်းနိုင်ငံကို သူ့ရဲ့ပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ တရုတ် နိုင်ငံနဲ့ နိုင်ငံ ရေးပြဿနာတွေကို ရှောင်ရှားဖို့အတွက် အိုလံပစ်ပြိုင်ပွဲမှာ “တရုတ်တိုင်ပေ” အဖြစ် ယှဉ်ပြိုင်တာဖြစ်ပြီး ထိုင်ဝမ်ဟာ ဘတ်စကတ်ဘောအတွက် အိုလံပစ်ဆုတံဆိပ်တွေကို တစ်ကြိမ် မျှ မရရှိခဲ့ဘူးလို့လည်း သိရပါတယ်။ 

ဘတ်စကတ်ဘော အရည်အချင်းစစ်ပွဲကို သြဂုတ် ၁၂ ရက်မှ ၂၀ ရက်အထိ ဆီးရီးယားနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ်မှာ ဒီမိုကရေစီလိုလားတဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို သမ္မတဘာရှာအယ်-အာဆတ် က အကြမ်း ဖက်ဖြိုခွင်းခဲ့ပြီးနောက် မော်စကိုက အာဆတ်ကို ကျောထောက်နောက်ခံပြုခဲ့ကာ အတိုက်အခံဖက်အား ဝါရှင် တန်က ထောက်ခံခဲ့ခြင်းဖြင့် ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ 

လူဦးရေသန်းနဲ့ချီပြီး ဆီးရီးယားမှ ထွက်ပြေးခဲ့ရကာ နောက်ထပ် သန်းပေါင်းများစွာကလည်း ပြည်တွင်းနေ ရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ နေရာအများစုကို ပြန်လည် ထိန်းချုပ်ထားတဲ့ အာဆတ် နဲ့အတူ တိုက်ပွဲတွေကတော့ ရပ်တန့်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။

 Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.