သံဖြူဇရပ်မြို့ တန်ဆောင်တိုင် မီးထွန်းပွဲ အထိမ်းအမှတ် လမ်းကြမ်းစက်ဘီးပြိုင်ပွဲ ထည့်သွင်းကျင်းပ

0
17443

သံဖြူဇရပ် နိုဝင်ဘာ ၁၅

သံဖြူဇရပ်မြို့နယ်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်အထိမ်းအမှတ် ကီလိုမီတာ(၇၀) လမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲအား နိုဝင်ဘာ(၁၄)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် သံဖြူဇရပ်မြို့ ဒေသခံ စက်ဘီးသမားများကသာ ပထမ၊ ဒုတိယနှင့် တတိယဆုများ ကို ဆွတ်ခူးရရှိခဲ့သည်။

” ဒို့မြို့မှာ လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀)လောက်က ပျောက်ကွယ်သွားတဲ့ တန်ဆောင်တိုင်ပွဲတော်ကို ရိုးရာ အစဉ်လာမပျက် ကျင်းပသွားချင်တာရယ်။ ကိုယ့်မြို့ကိုယ့်ရွာကို အေးချမ်းသာယာတဲ့ ပတ်ဝန်းကျင်ကို ကယ် တင်ချင်တာရယ်၊ တစ်ဖက်ကိုအာရုံမရောက်ပဲနဲ့ ဒီအပေါ်မှာစိတ်ဝင်စားမူရှိဖို့ စိတ်လေလွင့်တဲ့ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုတွေလျော့သွားဖို့။ ကိုယ့်မြို့ကိုယ့်ရွာမှာရှိတဲ့ ရွက်ပုန်းသီးပညာသည်လူငယ်တွေကို ဖော် ထုတ်ပေးချင်တဲ့ဆန္ဒကြောင့် လုပ်ဖြစ်တာပါ” ဟု ကျင်းပရေးကော်မတီမှ အမြဲစိမ်းကိုအောင်က ပြောသည်။
%e1%80%85%e1%80%80%e1%80%b9%e1%80%98%e1%80%ae%e1%80%b8%e1%81%bf%e1%80%95%e1%80%ad%e1%80%b3%e1%80%84%e1%80%b9%e1%80%95%e1%80%bc%e1%80%b2
“စက်ဘီးစီးပြိုင်ပွဲတွေက နေရာတော်တော်များများ မှာမရှိတော့ဘူး။ ခုလိုကျင်းပပေးတဲ့အတွက် လူငယ် မျိုးဆက်သစ်စက်ဘီးစီးအားကစားသမားတွေ ပေါ်ပေါက်လာစေတယ်။ နောက်ပြီးမြို့ရဲ့ တန်ဆောင်တိုင်ပွဲတော် လည်း ပိုပြီးစည်ကားမှုဖြစ်စေတာပေါ့။ နောက်ပြီး စက်ဘီးစီးပြိုင်ပွဲတွေကို သံဖြူဇရပ်နှင့် မော်လမြိုင်လောက်သာ ကျင်းပတာ တွေ့ရပြီး ကျန်တဲ့မြို့နယ်တွေလည်း ပြိုင်ပွဲပြုလုပ်ကျင်းပနိုင်ဖို့လည်းမျှော်လင့်မိတယ်”ဟု မုဒုံမှ လူငယ်စက်ဘီးစီးအားကစားသမား ကိုဇော်လင်းထက်ကပြောသည်။

လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲတွင် ပထမဆုအားသံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာမှ စောဆန်းအေး၊ ဒုတိယ ဆုအား သံဖြူဇရပ်မြို့ ကြာကန်ရပ်ကွက်မှ ဇော်လင်း၊ တတိယဆုအား သံဖြူဇရပ်မြို့မှ ရဲဝင်းတို့ရှိခဲ့ကြောင်း သိရသည်။

သတင်း – ကျဲရော့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.