မော်လမြိုင်ဂီတဧည့်ခန်း (၂)

0
18432

RHYTHM(စည်းဝါး)
RHYTHM(စည်းဝါး)ကို ၃မျိုး ထပ်မံခွဲ ခြားထားပြန်သည်။
RHYTHM(စည်းဝါး) ၁။TIMMING – နာရီ(စည်းချက်)
၂။ BARR – နာရီ(စည်း) ကန့်သတ်ချက်
၃။ BEAT – ရိုက်ချက်ဟန်

၁။ TIMMING – အနှေး၊ အမြန်၊ အကွာ၊ အဝေး၊ ညီမျှမှု ရှိရမည်။
၂။ BARR – /—————/————–/————-/
ဒေါင်လိုက်အချောင်းများကို BARR(ဘား) ဟု ခေါ်သည်။
၃။ BEAT – 1 2 3 4 မျှားတံ အောက်ဖက်တို့ပြလျှင် အပေါ်မှ အောက်သို့ တီးခတ်(ရိုက်ခတ်) ရန်
C CHORD ကို အကြိမ်ပေါင်းမြောက်များစွာ ကျင့်၍ ရခဲ့လျှင် ပုံစံ(၆)
Am (သို့) Aminor (အေမိုင်နာ) CHORD ကို လေ့ကျင့်ကြည့်ရအောင်
Am CHORD ကိုလည်း C CHORD ကဲ့သို့ ကျင့်ပါ
CHORD ၂မျိုးကို မိနစ် ၃၀ ခန့် ကျင့်ပြီးပါက C CHORD ကို ဖိနှိပ်ကိုင်ပြီး ပါးစပ်မှ 1.2.3.4 (၄)ခါ ရွှက်၍ ပြီးလျှင် Am CHORD သို့ လက်ကို ပြောင်းပါ။ CHORD ကို ပြောင်းကိုင်သည့်အခါတွင် လက် ၃ ချောင်း တစ်ပြိုင်တည်း ဖိမိနိုင်ရန် ကြိုးစားပါ။ တစ်ချောင်းဖိပြီးမှ နောက် ၂ချောင်း လိုက်ကိုင်တာမျိုး မဖြစ်ပါစေနှင့်။ C နှင့် Am ကို အပြန်ပြန်အလှန်လှန် 1,2,3,4 (၄)ကြိမ် ရွှတ်ပြီးတိုင်း ဗနာက်CHORD ကော့ဒ် တစ်မျိုးကို ပြောင်းပါ။
ကြိမ်ပေါင်းများစွာ ပြောင်းရွှေ့၍ CHORD ကိုင်သောလက်၊ မှန်ကန်စွာ ကိုင်နိုင်ပြီး ဆိုရင် PLECTRUM(လက်ထရမ်) လက်ခတ်ကိုင်တွယ်ပုံကို ကြည့်၍ စတင်တီးခတ်ကြည့်ရအောင်။ ပုံစံ (၇)
/ 1 2 3 4 / ဒေါင်လိုက်မျဉ်း (သို့) BARR(ဘား) ၂ချောင်းရဲ့ အလယ်မှာ အစက် ၄စက် (သို့) 1 2 3 4 ခေါ်ဆိုမည်ဆိုလျှင် စည်း၄ ချက်စာရှိရမည် ဖြစ်ပါသည်။ ၎င်းစည်း (၄) ချက်စာ တစ်ကန့်ကို One BARR တစ်ဘားဟု သတ်မှတ်ပါ။
လက်ခတ်ကို ကိုင်တွယ်ပြီး ဂစ်တာကြိုး ၆ ချောင်းစလုံးကို အပေါ်ဖက်မှ အောက်သို့ ခပ်ဆတ်ဆတ် တီးကြည့်ပါ။ ကြိုးကို တစ်ချောင်းခြင်း မဆွဲပါနှင့် C CHORD ကို ကိုင်၍ တစ်ချက်ခြင်း မှန်မှန် ဆက်တိုက် တီးနေပါ။ တီးဝတွင် အဆင်ပြေမှု မရှိသလို ဖြစ်နေပ်မယ်။ စိတ်မပျက်ပါနဲ့ လေ့ကျင့်မှုများလျှင် တဖြေးဖြေး အသံထွက်ကောင်းလာတာ ကြားရပါလိမ့်မယ်။
%e1%80%b1%e1%80%99%e1%80%ac%e1%80%b9%e1%80%9c%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%80%84%e1%80%b9-%e1%80%82%e1%80%ae%e1%80%90%e1%80%a7%e1%80%8a%e1%80%b9%e1%80%b7%e1%80%81%e1%80%94%e1%80%b9%e1%80%b8

ဂီတမှူးဘဏ်စိုး(မော်လမြိုင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.