အလှမယ်သျှားထွဋ်အိန္ဒြာပြောပြတဲ့ Miss Universe Myanmar ပြိုင်ပွဲအတွေ့အကြုံများ

0
17897

တင်ဆက်သူ-TU Arkar Min

မေး-Miss Universe Myanmar 2017 ပြိုင်ပွဲကြီးကျင်းပတော့မယ်ဆိုတော့ အစ်မပြိုင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကအတွေ့အကြုံတွေကိုလည်းပြောပြပေးပါဦး။

ဖြေ-သျှားတုန်းကတော့ အသစ်တစ်ယောက်လည်းဖြစ်တယ်။အတွေ့အကြုံလည်းမရှိဘဲ ယှဉ်ပြိုင် ရတာပေါ့နော်။ ဒီနှစ်မှာ ကျတော့ အားလုံး Crown ကိုယ်စီရထားတဲ့ အတွေ့အကြုံရှိတဲ့သူတွေ ချည်းပါပဲ။

မေး-ဒီနှစ်ပွဲက အစ်မတို့ယှဉ်ပြိုင်တုန်းကနဲ့ ကွာခြားမှုတွေရောရှိမလား။

ဖြေ-သျှားတို့နှစ်တုန်းကတော့ ရန်ကုန်တစ်မြို့ထဲပြိုင်ရတာပေါ့နော်။ အခုကျတော့ နယ်မှာရှိတဲ့ ရွက် ပုန်းသီးညီမငယ်လေးတွေကိုရွေးထုတ်ပြီးဒီလိုပြိုင်ပွဲကြီးကျင်းပပေးတာကတော့ အပြိုင်အဆိုင်ပိုရှိတာ ပေါ့နော်။

မေး-အခုမှ ပထမဦးဆုံးသွားရောက်ယှဉ်ပြိုင်မယ့်သူတွေအတွက် အစ်မအနေနဲ့သတိပေးချင်တာလေး တွေများရှိမလား။

ဖြေ-ယှဉ်ပြိုင်တဲ့အခါ မြန်မာဆိုတဲ့ဂုဏ်ကိုလည်း မပျောက်စေချင်ဘူး။စိတ်ဓာတ်ပိုင်းမှာလည်းပိုပြီးတော့ Strong ဖြစ်စေချင်တယ်။စိတ်ဓာတ်မကျဘဲ ရိုးရိုးသားသားနဲ့ အကောင်းဆုံးယှဉ်ပြိုင်စေချင်တယ်။

မေး-သူများနိုင်ငံမှာ သွားပြိုင်တဲ့အခါ အစ်မအတွက်အခက်ခဲဆုံးဘာတွေဖြစ်မလဲ။

ဖြေ-အခက်ခဲရယ်လို့တော့မဟုတ်ဘူးပေါ့နော်။နေ့နဲ့ ည လွဲတာတွေ အစားအသောက်တွေ မတူတာ လောက်ပဲအခက်အခဲရှိပါတယ်။ ပြိုင်ပွဲအတွက်တော့ဘာမှ မဖြစ်ခဲ့ဘူး။ Organization ကလည်း သေချာလုပ်ပေးသလို မိဘတွေကလည်း ဝိုင်းပံ့ပိုးတဲ့အတွက် သိပ်အခက်ခဲမရှိပါဘူး။ ပြိုင်ပွဲမသွားခင် ကတည်းက Train ထားတာတွေ လေ့လာထားတာတွေ လုပ်ထားပါတယ်။

မေး-ဒီပြိုင်ပွဲနဲ့ ပတ်သတ်ပြီး ပါဝင်ယှဉ်ပြိုင်မယ့် Miss တွေအတွက်လည်းစကားလက်ဆောင်ပါးပေးပါ ဦး။

ဖြေ-ပြိုင်ပွဲတစ်ခုမှာ အနိုင်နဲ့အရှုံးနှစ်ခုပဲ ရှိပါတယ်။ အဓိကကတော့ ကိုယ်သည်သာ အဓိကပါပဲ။ ကိုယ် ကြိုးစားရင်တော့ ဖြစ်လာမှာပါ။ရှုံးတဲ့ဒဏ်ရော နိုင်တဲ့ဒဏ်ရော နှစ်ခုစလုံးခံနိုင်အောင်ကြိုးစားကြပါ။ Over confidence တွေမဖြစ်စေနဲ့လို့ ပြောချင်ပါတယ်။

သံလွင်တိုင်းမ်ရဲ့ စာဖတ်ပရိတ်သတ်များခင်ဗျား။
sh-aein-dra-bo
အလှမယ်သျှားထွဋ်အိန္ဒြာဟာ ငယ်ငယ်လေးကတည်းက အနုပညာကိုဝါသနာပါခဲ့သူဖြစ်ပေမယ့် Sea Game မှာ အနုပညာနဲ့ ပတ်သတ်ပြီး ဦးဆောင်ပါဝင်ရာကနေ အနုပညာအလုပ်တွေကို စလုပ်ခဲ့တယ် လို့ဆိုပါတယ်။အောင်မြင်မှုမရခင်က နှိမ်တာတွေ ကျောတာတွေခံရတဲ့သူမဟာ လက်ရှိအချိန်မှာတော့ ပရိတ်သတ်အသိမှတ်ပြု Miss တစ်ယောက်အဖြစ်ရပ်တည်လျက်ရှိပါတယ်။ တိရိစ္ဆာန်မွေးမြူရေး ဆိုင်ရာဆေးတ္ကသိုလ်ကနေ အဝေးသင်တက္ကသိုလ်ပြောင်းတက်ရင်း အနုပညာအလုပ်တွေလုပ်ခဲ့ရတဲ့ အတွက် အိမ်ကသဘောမကျတာတွေလည်းရှိခဲ့ပါတယ်။အိန်ဂျလီနာဂျိုလီကို သဘောကျတဲ့သူမဟာ မိတ်ကပ်တွေကိုနှစ်သက်တယ်လို့ဆိုပါတယ်။သူမရဲ့ အနုပညာအလုပ်တွေနဲ့ပတ်သတ်ပြီး ဝေဖန် သုံးသပ်ပေးကြဖို့လည်း သူမရဲ့ ပရိတ်သတ်တွေကို အမှာစကားခြွေခဲ့ပါတယ်။ သူမလျှောက်လှမ်းခဲ့ တဲ့လမ်း မဖြောင့်ဖြူးပေမယ့် သူမရဲ့ကြိုးစားအားထုတ်မှုတွေက လေးစားစရာ သံလွင်တိုင်းမ်သတင်း ဌာနကတင်ဆက်ပေးခဲ့ပါတယ်။ နောက်တစ်ပတ်မှာလည်း ဘယ်အနုပညာရှင်တွေရဲ့အကြောင်းကို တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.