သရုပ်ဆောင်လောကရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ မြင့်မြတ်ကို တွေ့ဆုံမေးမြန်ခြင်း

0
19027

သရုပ်ဆောင်လောကရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ မြင့်မြတ်ကို မသိတဲ့သူ မရှိသလောက် မြင့်မြတ်က အောင်မြင်ခဲ့ပါတယ်။ မြင့်မြတ်ကို အားပေးနေတဲ့ပရိတ်သတ်တော်တော်များများဟာ မင်္ဂလာသတင်း ကိုစိတ်ဝင်စားနေကြပါတယ်။ ဒါကြောင့်မင်္ဂလာပွဲအကြိုအတွက် ဓာတ်ပုံရိုက်ကူးနေတာနဲ့ပတ်သတ်ပြီး လက်ရှိဘာတွေလှုပ်ရှားဖြစ်နေလဲဆိုတာ သံလွင်တိုင်းမ် မီဒီယာက ဖော်ပြပေးလိုက်ပါတယ်။

တင်ဆက်သူ-TU Arkar Min

myint-myat-ko

အကယ်ဒမီ မှန်းဖို့ အခွင့်အရေးတွေ ရှိလာပြီဖြစ်တဲ့ မြင့်မြတ်အကြောင်းတစေ့တစောင်း

မြင့်မြတ်ကို ၁၉၈၆ ခုနှစ် သြဂုတ်လ (၇)ရက်နေ့မှာ ဦးမြင့်ကျော်နှင့် ဒေါ်မိမိခိုင်တို့မှ မွေးဖွားခဲ့ပြီး ပြီးခဲ့သည့်သြဂုတ်လ (၇)ရက်နေ့က အသက်(၃၀) ပြည့်ခဲ့ပါတယ်။ မောင်နှမမွေးချင်း ၄ ယောက်မှာ အကြီးဆုံးဖြစ်ပြီး ညီမ(၃)ယောက်ရှိပါတယ်။ မျိုးမင်းဟိန်းဆိုတာကတော့ မြင့်မြတ်ရဲ့ နာမည်ရင်းပေါ့။ မြင့်မြတ်တစ်ယောက် လက်ရှိဘာတွေလုပ်နေတယ်ဆိုတာနဲ့ပတ်သတ်ပြီး “ရုပ်ရှင်ကားကြီးရိုက်နေပါ တယ်။ အခုလည်း ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ နှလုံးသားထဲကဧရာဝတီဆိုတဲ့ ရုပ်ရှင်ကားကြီး သရုပ်ဆောင်မြတ်မှူးခင်နဲ့ ပုဂံမှာရိုက်ကူးနေပါတယ်”ဟုပြောပါတယ်။

မြင့်မြတ်ဟာ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ရုပ်ရှင်ကားကြီးတွေရိုက်ကူးထားပြီး မှော်ကျောက် စာ၊ ခိုးဆိုးလုနှိုက်နှင့် အော်ရဂျင်နယ်ဂိုဏ်းစတားတို့မှာ ပရိတ်သတ်တွေ သဘောကျနှစ်သက်မှု အများဆုံးဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားတွေနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေအကယ်ဒမီ မှန်းနေကြတဲ့ အပေါ် “အတတ်နိုင်ဆုံးကြိုးစားထားတာပါ အကယ်ဒမီရမှ ဆိုပြီးတော့မဟုတ်ပါဘူး။ အနုပညာ အလုပ်လုပ်နေရတာ ပျော်တယ်။ အဲ့ဒီနေရာမှာအတတ်နိုင်ဆုံးကြိုးစားထားပါတယ်။ အကယ်ဒမီမှန်း ပေးတဲ့ပရိတ်တွေကို ကျေးဇူးတင်နေမှာပါ”ဟု ဆိုပြန်သတဲ့။ ဒါ့အပြင် ကျောမှာဂဋ္ဌုန်ရေမှာနဂါး ဆိုတဲ့ ဦးကျော်သူနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးကိုရိုက်ကူးထားပေမယ့် လာမယ့်နှစ်အကယ်ဒမီရုံတင် ဇာတ်ကားထဲတော့မပါပါဘူး။ နောင်နှစ်မှ ပါမှာပါမယ်လို့သိရပါတယ် အော်ရဂျင်နယ်ဂိုဏ်းစတား ဇာတ်ကားမှာတော့ အသက်နဲ့ရင်းပြီး ရိုက်ကူးထားတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

မြင့်မြတ်တို့ချစ်သူစုံတွဲ မင်္ဂလာပွဲအကြိုအတွက် ဓာတ်ပုံရိုက်ကူးမှုတွေရှိလာပြီဆိုတော့ မင်္ဂလာ ပွဲနှင့်ပတ်သတ်ပြီးမေးမြန်းဖြစ်တာကတော့ “မင်္ဂလာပွဲကလိုပါသေးတယ် ပုဂံမှာ မင်္ဂလာပွဲအကြိုဓာတ်ပုံ ရိုက်ကူးဖို့အစကတည်းက စီစဉ်ထားတာပါ။ ပုဂံဘုရားတွေငလျင်ဒဏ်သင့်မှ သွားရောက်ရိုက်ကူး တာမျိုးမဟုတ်ပါဘူး”ဟု ပြောပြပါတယ်။ မြင့်မြတ်ရဲ့ ချစ်သူ ခင်သူအောင်ရဲ့ တရုတ်နာမည်ကတော့ အာလျန်လို့ခေါ်ပါသတဲ့။ သဘောထားကောင်းတဲ့သရုပ်ဆောင်မြင့်မြတ်ဟာဝက်သားတုတ်ထိုးနဲ့ ဟော့ပေါ့တွေလည်း ကြိုက်တတ်ပြန်ပါတယ်။ အားကျရတဲ့အနုပညာရှင်တွေထဲမှာတော့ ထူးအိမ်သင် (ကိုငှက်)ကိုနှစ်သက်ပြီး သူဆိုတဲ့သီချင်းတွေကိုလည်း အမြဲလိုလိုနားဆင်ဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့အဆိုဘက်ကို မလှည့်ဖြစ်ပေမယ့် ရုပ်ရှင်ကားတွေကိုတော့ မကြာခဏ ရိုက်ကူးလျက် ရှိပါတယ်။

သံလွင်တိုင်းမ်ရဲ့ စာဖတ်ပရိတ်သတ်များခင်ဗျား။ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မြင့်မြတ်အတွက် လာမယ့်အကယ်ဒမီပေးပွဲမှာ ရင်ခုန်ခံစားရတော့မှာဖြစ်ပြီး သူ့ကိုချစ်ခင် တဲ့ပရိတ်သတ်များကို မကြာမီအချိန်အတွင်းမှာ မင်္ဂလာသတင်းချပြမယ်လို့လည်းဆိုပါတယ်။

ကဲ ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ အဲ နောက်တစ်ပတ်မှာ ဘယ်အနုပညာရှင်တွေရဲ့အကြောင်းနဲ့ အင်တာဗျူးတွေကိုဖော်ပြသွားဦးမလဲဆိုတာကိုတော့ ဆက်လက်စောင့််မျှော်ဖတ်ရှုနိုင်ပါတယ။်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.