ဆန်စင်ရာ ကျည့်ပွေ့လိုက်ခြင်းဖြင့် အလုံးစုံပြီးမြောက်မှုမဖြစ်နိုင်ပါ။

သုံးလသားကျော် မွန်ပြည်နယ်အစိုးရ၏ အခြေအနေကို တစ်စိတ်တစ်ပိုင်းခန့်မှန်းရသော် ပြောင်းလဲ တိုးတက်မှု အခြေအနေတစ်ချို့ကို တွေ့မြင်လာရပြီး ပြည်သူနှင့် ထိတွေ့မှုပိုမိုများပြားလာသည်ကို တွေ့ရှိလာ ရသည်။

ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ သွားရောက်ခြင်း၊ ပြည်သူလူထုများနှင့် ထိတွေ့ခြင်း၊ လူထုစကားသံ များနားထောင်ခြင်းများကို ခပ်စိတ်စိတ်တွေ့မြင်လာရသည်။ အကြမ်းဖျဉ်းဆိုရသော်ကောင်းသော အခြေအနေ ဖြစ်သည်ဟုဆိုရမည်။

အဆိုပါတွေ့ဆုံမှုများတွင် ကတိကဝတ်အချို့လည်းပေးခဲ့သည်များကို ကြားရသည်။ ဆိုရလျှင် ပြည် နယ်အစိုးရအဖွဲ့၏ ခြေလှမ်းများကား ပိုမိုကောင်းမွန်သည့်ဘက်သို့ ဦးလှည့်လာသည်ဟု ဆိုရမည်။

ယခုအခြေအနေသည် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် တာဝန်ယူနေကြသော သူများ၏ နယ်မြေမကျွမ်း ကျင်မှု၊ လုပ်ငန်းမကျွမ်းကျင်မှုကြောင့် နယ်မြေအခြေအနေကို လေ့လာသည့်သဘောဟု မြင်ပါသည်။ အစိုးရ တစ်ရပ်အတွက် လုပ်ငန်းများကို ကျွမ်းကျင်နားလည်မှုရှိစွာဆောင်ရွက်နိုင်ခြင်းက အကောင်းဆုံးဆိုနိုင်သော် လည်း မြန်မာနိုင်ငံလို အရာရာရှင်သန်ထမြောက်ရသည့်အခြေအနေတွင်မူ မရှိသည်ထက် ရှိခြင်းအကောင်းဆုံး ဟု ဖြေသိမ့်ဆိုရပေမည်။

သို့သော် တစ်စုံလုံးအခြေအနေအရကြည့်လျှင် ဆန်စင်ရာကျည်ပွေ့လိုက်ဆိုသည့် သဘောမျိုးဖြစ်နေ သလားဟု ခပ်စပ်စပ်လေးဆိုလိုက်ချင်သည်။ အဘယ်ကြောင့်နည်း။ သုံးလကျော် သက်တမ်းအထိ မွန်ပြည် နယ်အစိုးရ၏ မဟာဗျူဟာကိုမတွေ့ရသေးပေ။ မတွေ့ရသေးသည်ထက် ဘယ်လိုဆောင်ရွက်သွားမည်ဆိုသည့် အခြေအနေကိုလည်း မတွေ့နေရသေးပေ။ ဤအခြေအနေကောင်း ရေရှည်အတွက်ကောင်းသည်မဟုတ်ပေ။

မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက်ပြင်ဆင်မှုတစ်ရပ်မဖြစ်မနေရှိသင့်သည်။ မဟုတ်လျှင် ဆန်စင်ရာကျည်ပွေ့လိုက်သည့် အမှုတွဲကားငါးနှစ်ကုန် အလုပ်ကားမဖြစ်နှင့် အဆုံးသတ်သွား မည်။ ဤကား သတိချပ်ဖို့ ဆိုခြင်းဖြစ်သည်။ စေတနာကောင်းဟုမှတ်ယူမည်ဆိုပါက အလွန်ဝမ်းမြောက်မည် သာဖြစ်သည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်အစိုးရလုပ်ပိုင်ခွင့်ရှိသည့် ကဏ္ဍများကားရှိနှင့်ပြီးဖြစ် သည်။ ထို့အပြင် ပြည်ထောင်စုနှင့် ပေါင်းစပ်ညှိနှိုင်းသွားရမည့်ကိစ္စများလည်းရှိနှင့်ပြီးဖြစ်သည်။ အဓိကကား ကောင်းမွန်စွာသိရှိနားလည်ပြင်ဆင်ဖို့သာလျှင် တိုက်တွန်းချင်သည်။

ခက်ခဲမှုဆိုသည်ကား နေရာတိုင်းတွင်ရှိသည်။ သို့သော်ကျော်ဖြတ်ဖို့ ဆန္ဒသာလျှင်အခရာကျသည်။ ဆန်စင်ရာကျည်ပွေ့အဖြစ်မျိုးမရောက်စေလိုသော စေတနာကောင်းများဖြင့်သာ …

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.