ရေဒီယိုသံလွင်တိုင်းမ်

0
12832

သံလွင်တိုင်းမ်၏ ဖြတ်သန်းမှုသမိုင်းစဉ်တွင် ရေဒီယိုသံလွင်တိုင်းမ်သည် ပရိတ်သတ်အတွက် ပထမဆုံးသော မိတ်ဆက်ပေးလိုက်သည့်အစီအစဉ်တခုဖြစ်သည်။

ယနေ့ တင်ဆက်မှုမှာ ရေဒီယိုသံလွင်တိုင်းမ်၏ သတင်းထုတ်လွှင့်မှု တပတ်ပြည့်မြောက်သော နေ့လည်းဖြစ်သည်။

စစ်အုပ်စု၏ အကြမ်းဖက်ရှာဖွေမှုများထဲမှ သံလွင်တိုင်းမ်သတင်းဌာနသည် နည်းလမ်းအမျိုးမျိုးဖြင့် စာဖတ်ပရိတ်သတ်များ၏ သိပိုင်ခွင့်အတွက် အလုပ်လုပ်သည်ဖြစ်ရာ ယခုရေဒီယိုသံလွင်တိုင်းမ် အစီအစဉ်သည်လည်း သောတရှင်များအတွက် အခက်အခဲကြားထဲမှ ထပ်မံတင်ဆက်လိုက်သည့် ထုတ်ကုန်တခုဖြစ်ပါသည်။

လက်ရှိတွင် Online Radio အဖြစ် စတင်မိတ်ဆက်ခဲ့ပြီးဖြစ်ကာ ရေရှည်တွင် အများပြည်သူသောတရှင် များအနေဖြင့် ရေဒီယိုများဖြင့်နားဆင်နိုင်သော AM, FM Channel များသို့ ထပ်မံတိုးချဲ့သွားရန် ကြိုးစားနေပါသည်။

ဒေသတွင်းမှာ အချိန်မရွေးဖြတ်တောက်ခံရနိုင်သော အင်တာနက်ဆက်သွယ်ရေးနှင့် မိုဘိုင်းလ်ဆက်သွယ်ရေးစနစ်များကြုံလာရနိုင်သည့် သောတရှင်များအတွက် သံလွင်တိုင်းမ်မှ နည်းမျိုးစုံဖြင့် သတင်းပေးပို့ဖြန့်ဖြူးဖို့ ဆက်လက်ကြိုးစားနေပါသည်။

ရေဒီယိုသံလွင်တိုင်းမ်အစီအစဉ်ကို လတ်တလောတွင် သံလွင်တိုင်းမ်၏ Facebook Page တွင် ညစဉ် (၈)နာရီ၌ Live ကို ကြည့်ရှု၍သော်လည်းကောင်း၊ Soundcloud App တွင်လည်းကောင်း၊ YouTube တွင်လည်းကောင်း၊ Telegram တွင်လည်းကောင်း ဝင်ရောက်နားဆင်နိုင်ပါပြီ …

အားနည်းချက်များ၊ လိုအပ်ချက်များကို သင်ယူရင်း ပိုမိုကောင်းမွန်သော ဖန်တီးမှုများကို သံလွင်တိုင်းမ်မှ ကြိုးပမ်းနေပြီး ပရိတ်သတ်များ၏ အပြုသဘောဆောင်သော ဝေဖန်အကြံပြုချက်များကိုလည်း တောင်းခံလိုပါသည်။

အခက်အခဲ၊ အကြပ်အတည်းကြားမှ သံလွင်တိုင်းမ်ဝိုင်းတော်သားများအနေဖြင့် သံလွင်တိုင်းမ်ရုပ်သံ၊ သံလွင်တိုင်းမ်ရေဒီယိုတို့ကို မိတ်ဆက်လိုက်ကြောင်း တင်ပြလိုပါသည်။


အယ်ဒီတာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.